Wednesday, October 31, 2007

လိုတာ .......ဘာလဲ

နေ့သစ်တွေကိုဖွင့်လှစ်ဖို့တွက်

ကပ်ကြေးတလက်နဲ့

ဖဲကြိုးတစလိုနေကြတယ် .......။

နေ့ဟောင်းတွေကိုချန်ရစ်ဖို့ တွက်

မြင်တတ်တဲ့မျက်စေ့တစုံနဲ့

ကြားတတ်တဲ့နားတွေလိုနေကြတယ် .......။

နေ့ဟောင်းနဲ့နေ့သစ်တွေကြားက

ဝိ၀ါဒကွဲပြားမှုတွေကိုကြံ့ကြံ့ခံနိုင်ဖို့တွက်

စိတ်ဓါတ်တွေလိုနေကြတယ် ........။

ဆောင်းယွန်းလ

ကပ်ကြေးတလက်=A . MASTER BRAIN

ဖဲကြိုးတစ=A PERSON . WHO DARE TO FIGHT

Tuesday, October 30, 2007

တိုက်ပွဲတွေထဲကရလာဒ်

နေကောင်းသွားပြီလို့ ထင်တဲ့

သင့်ရဲ့  ....နဖူးပြင်ကိုတို့ ထိကြည့်လိုက်

အဲဒီမှာ ....ချွေးစတွေအလိမ်းလိမ်း

မိုးခြိမ်းသံတွေနဲ့ နာတာရှည်ရောဂါ

ညတွေမှာနှိပ်စက်

နေ့ တွေမှာအိပ်ပျက်

အိပ်မက်မဟုတ်တဲ့လက်တွေ့ တွေထဲမှာ .....။

စည်းစိမ်တွေပြည့်ဝပြီး

ရှုမငြီးနိုင်လှပြီထင်တဲ့

သင်ရဲ့  .... နန်းရင်ပြင်ကိုလှမ်းကြည့်လိုက်

အဲဒီမှာ .... သွေးစက်တွေကလွှမ်း

သင်ဖြီးဖြန်းနေတဲ့ စင်္ကြာဝဌာပြည့်မုသာဝါဒနဲ့ 

အနာဂတ်မဲ့အိမ်တလုံး

လေထဲ .... ဘုံးဘုံးလဲပြိုကျ

လမ်းမတွေပေါ်ကရဲရဲတောက်တိုက်ပွဲတွေထဲမှာ .....။

ဆောင်းယွန်းလ

၂၊၁ဝ၊၂ဝဝ၇

လမ်းလျောက်တိုက်ပွဲဝင်သူများအားဂုဏ်ပြုလျှက်


ကိုယ့်ဆန္ဒ(မာမာအေး)


ဂီတဂန္ထ၀င်မိခင်မာမာအေးရဲ့ သူမ၏ဂီတရဲဘော်များသို့ အမှတ်တရ

ဗကသများအဖွဲ့ချုပ် သီချင်းကို ရေးစပ်ခဲ့တဲ့ ကိုလေးညွန့် ကွယ်လွန်ရှာပြီ။ကိုမိုးသီးလင့်တွင်ဖတ်နိုင်ပါသည်။
http://komoethee.blogspot.com/2007/10/condolance-message-for-ko-lay-nyunt-who_27.html

Monday, October 29, 2007

စက်တင်ဘာတွင်ကျွမ်းလောင်သည်
ဆွတ်ခူးလိုစိတ်နဲ့မဟုတ်ဘူး
နင်းခြေပစ်လိုက်ဖို့လည်းမဟုတ်ဘူး
ကန္တာရဆူးခက်တလင်းထက်
လူသားအားလုံးအတွက်
အရုဏ်ဦးအသစ်စက်စက်တခု
လူသားဆန်ဆန်
စိုက်ပျိုးနေကြခြင်းသာဖြစ်တယ်။

သန်းခေါင်ထက်နက်တဲ့ည
အရှေ့တောင်အာရှ
စိုက်ခင်းတနေရာ
ပျိုးခင်းထဲမှာ
ငြိမ်းချမ်းရေးမျိုးစေ့ကျဲပက်လို့
သူတို့တွေအလင်းပျိုးကြတယ်
သူတို့တွေရွာသွန်းကြတယ်
သူတို့ရဲ့နှလုံးသားကိုသူတို့ကိုယ်တိုင်တူးဆွလို့
သူတို့ကိုယ်သူတို့ထွန်ယက်ပြီး
သူတို့ခြေလှမ်းတိုင်းဟာရှေ့ဆက်ခဲ့။

၂ဝဝ၇
စက်တင်ဘာ၂၇
ကောင်းကင်ဟာရင်ကွဲပက်လက်
ရက်ရက်စက်စက်
ကြယ်နဲ့လပြိုင်တူကြွေချိန်မျိုး
အဲဒီနက္ခတ်ဆိုးမှာ
သူတို့ဟာသစ်ခေါက်ဆိုးသင်္ကန်းကိုစွန့်ခဲ့ပြီး
သူတို့ဟာသံဃာဖြစ်တည်မှုကိုစွန့်ခဲ့ပြီး
သူတို့ဟာစာသင်ခန်းနဲ့လွယ်အိတ်ကိုစွန့်ခဲ့ပြီး
သူတို့ဟာမိသားစုကိုစွန့်ခဲ့ပြီး
သူတို့ဟာလူသားဖြစ်တည်မှုဆိုတာကိုစွန့်ခဲ့ပြီး
သူတို့ဟာသူတို့ကိုယ်ပိုင်ဝိဥာဉ်အပြင်
အမုန်းတရားနဲ့အာဃာတအဲဒီ၂ခုလုံးကိုစွန့်ခဲ့ပြီး
သူတို့ဟာနောက်ထပ်စွန့်လွှတ်စရာဘာတခုမှမကျန်တော့အောင်စွန့်ခဲ့ပြီး
သူတို့ဟာ..............................................
သော့အထပ်ထပ်နောက်ကွယ်က
မနက်ဖြန်တိုင်းရဲ့
တံခါးချပ်ကိုဖွင့်လှစ်ခဲ့တယ်။

ကျန်ရစ်သူ
ပျိုးခင်းကလေးမှာ
လူသတ်လက်နက်မရှိဘူး
မျက်ရည်ယိုဗုံးမရှိဘူး
နံပါတ်တုတ်နဲ့ဒိုင်းကာလဲမရှိပါဘူး
ဒါပေမယ့်
စက်တင်ဘာရဲ့ခြေရာတိုင်းမှာ
ပဲ့တင်ထပ်နေဆဲ
အဲဒီ့သဲသဲကွဲကွဲဆုတောင်းသံ
'ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ'
ဘေးစုံရန်စုံခနေပါလျက်
တွင်းနက်နက်ထဲမှာဆိုပေမယ့်...
တဖွဲဖွဲမစဲသေးသရွေ့
သွေးစက်ပွင့်တွေတမြေ့မြေ့လိမ်းကျံရင်း
သူတို့ချစ်တဲ့
ကမ္ဘာမြေကြီးအတွက်
ဆက်ပြီးစိမ်းလန်းနေခဲ့တယ်။

ဒါဟာ
ဇာတ်သိမ်းခန်းမဟုတ်ပါဘူး
ပစ္စုပ္ပန်ရဲ့နိဒါန်းအသစ်
ချစ်ခြင်းတရားစစ်စစ်နဲ့ငါတို့အားလုံးကျွမ်းလောင်ကြတဲ့ပွဲ...
ဇာတ်ဝင်တေးကခုမှခြေဆင်း
အရုဏ်ဦးကဖူးပွင့်မယ်ဆို
နံနက်ခင်းဆိုတာကချက်ချင်း...
ဗြောင်လိမ်ဗြောင်စားတီးလုံးသံ
ဆွံ့အသွားချိန်မှာ
ကားလိပ်ချသူဟာ
သမိုင်းမျက်နှာစာပေါ်
မားမားမတ်မတ်ရပ်ပြီး
အလင်းညှိပေးနေသူတွေသာဖြစ်ရမယ်။


မွန်ဒရာ
(မြန်မာနိုင်ငံသင်္ကန်းရောင်တော်လှန်ရေးမှာအရာရာစတေးခဲ့ကြသူများကိုဦးညွတ်ဂုဏ်ပြုလျက်)
၂ဝဝ၇၊အောက်တိုဘာ၂၇




Friday, October 26, 2007

မိုးခေါ်သူ

ငါ...
နောက်ဆုံးသက်တန့်အစွန်း မှာထိုင်နေရင်း
ပြဌာန်းရေးဆွဲပီးသား
ပြိုင်မျဉ်းတို့လားရာ
ရှာဖွေနေမိ။

ဒီဘူတာက
နွေရာသီမလွန်သေးဘူးဆိုလဲ
နောက်ဘူတာတခုပေါ့
တွယ်ညိလက်စတိမ်စိုင်မျှင်တချို့ 
ပြန်ခေါက်သိမ်းရင်း ......
ငါကစောင့်နေဆဲ။

အများသုံးယဉ်ကျေးမူဖတ်စာအရ
မျက်လုံးဖျော့ဖျော့တစုံသုံးပြီး
မျက်နှာဖုံးမလိုအပ်ဘဲ
ကြိုးဝိုင်းကျဉ်းကျဉ်းလေးထဲ
ရယ်မောကခုန်ရတဲ့အခါ
ဟိုးအဝေးက
ငါ့ဝိဥာဉ်.......
ငါ့ကို
တအံ့တသြငေးကြည့်လို့။

ဝတ်မူန်ကူးချိန်လွန်ခဲ့လဲ
ငါကစောင့်နေဆဲ......။

ဘယ်တော့လဲ.....
ဘယ်မှာလဲ.....
ဘယ်လိုမှမဖြစ်နိုင်မှန်းလဲသိပါရဲ့ 
ဒါပေမယ့်
ကြွေခဲ့ပြီးသား
အဲဒီကြယ်ပွင့်ကလေးကိုမှ
ကောင်းကင်မှာပြန်တပ်ပေးချင်သလိုမျိုးဆိုတော့ .......။

ဒီနေရာမှာ
ပြတင်းချပ်အားထုံဖွင့်ထားပါတယ်ဆိုပေမယ့်
ငါနဲ့အနီးဆုံး .......
အဖြူရောင်ခန်းဆီးကို
.........မုန်းတယ် ။


မွန်ဒရာ
(မန္တလေးဂေဇက်သတင်းစာစက်တင်ဘာ ၂၀၀၇)

Thursday, October 25, 2007

အဲဒါလူထုဘဲဟေ့
အရိုးအရင်းကျွေး ကျွေးပြီး
ရပ်ကွက်ထဲကလူတွေကိုမွေးမြူထား
လူထုကိုဖိနှိပ်ဖို့ 
သေနတ်မဲ့
အရပ်ဝတ်နဲ့ လုံးထိန်းတွေဖြစ်လာခဲ့ ။
ကလေကခြေတွေကို
အာဏာပါဝါနဲ့ 
အမိန့် ပေးမွေးမြူထား
လက်ကိုင်တုတ်တွေကိုမွေးမြူထား
လူထုဆန္ဒတွေကို
ဖြိုဖျက်ရမ်းကား ရိုက်နှက်ဖို့ 
သေနတ်မပါတဲ့
အရပ်ဝတ်ပုလိပ်တွေဖြစ်လာခဲ့ ။

ငွေကြေးနဲနဲ
အခွင့်အရေးနဲနဲပေးပြီး
အစေအပါး စစ်ကျွန်အဖြစ်မွေးမြူထား
တိုက်ပွဲဝင်လူထုကို
ဆွဲလွဲအဓမ္မပြုကျင့်ဖို့ 
သတ်ဖြတ်ဖို့ 
လူ့ သိက္ခာကိုဖျက်ဆီးဖို့ 
သေနတ်မပါတဲ့
စစ်ယူနီဖောင်းဝတ်မထား
လူရမ်းကားစစ်သားတွေဖြစ်လာခဲ့ ။

ဖက်ဆစ်မာန်နတ်တွေက
အဘယ်မျှဖန်ဆင်းပါစေ
စေစားပါစေ
သမုဒ္ဒရာခုနှစ်စင်း
ခင်းကျင်းတားဆီးထား ……ချထားစမ်းပါ
လူထုကဖြတ်ကျော်ကူးခတ်သွားလိမ့်မယ် ။

ဖက်ဆစ်မာန်နတ်က
အဘယ်မျှဖန်ဆင်းပါစေ စေစားပါစေ
ဧ၀ရက်တွေ ၊ ဟိမ၀န္တာတွေ ……
အထပ်ထပ် တောင်စဉ်တောင်တန်းများ
ချထားစမ်းပါစေ
ဆူးချွန်ဆူးခက်တောင်တန်း
အသူရာချိုင့်ဝှမ်း ထူပြောတောင်တန်း
ဆီးတားစမ်းပါစေ
လူထုကြီးက ဖြတ်သန်းချီတက်
သူတို့ နောက်ကျောဘက်မှာထားခဲ့လိမ့်မယ် ၊

အရိပ်နဲ့ ရေမရ
သဲကန္တာ ရများချထားအုန်းမလား ချထားစမ်းပါစေ
လူထုစိတ်ဓါတ်က
တံလျှပ်ထဲမှာရေရရှိ
တံလျှပ်အပူထဲမှာ အရိပ်ဖန်တီး
အဲဒီခရီးရှည်ကြီးကိုချီတက်
လွတ်မြောက်သွားကြလိမ့်မယ် ……။

သတ်လို့ မရတဲ့စိတ်ဓါတ်ခွန်အား
တားဆီးချိုးဖဲ့မရ
ခွန်အားသတ္တိဇွဲတွေက
သူတို့ ဘ၀၊ သူတို့ နှလုံးသွေးကြောတွေထဲမှာကြွယ်ဝ
ထက်မြက်ကြ
ထက်မြက်ကြပေါ့ ။ ။

မောင်စိုးချိန်

စက်တင်ဘာ၎ ရက် ၊ ၂၀၀၇ခုနှစ်
three Fs
we want three Fs.
three Fs, we want.
first ….. we want FREEDOM.
we want FREEDOM for our future.
second …… we want FRIENDSHIP.
we want FRIENDSHIP between our army and our people.
third ….. we want FOOD.
we want FOOD to live peacefully.

Aung Way

မြန်မာကဗျာဆရာအောင်ဝေးမှယနေ့ုမြန်မာပြည်သူများနဲ
မြန်မာနိုင်ငံအတွက်သူ၏အနုပညာအားအပြည့်ဖြင့်ကဗျာတပုဒ်ရေးဖွဲ့ ခဲ့ပါတယ် ။
"လေဆန်မှာ
မြှားတန်းလန်းနဲ့ 
ပျံသန်းရဲတဲ့ငှက်ဟာ
မနက်ဖြန်အတွက်ဖြစ်တယ် "

Tuesday, October 23, 2007


Talking With a Train










Silent is the beginning of a storm
We can see breeze before storm is coming…….

Nothing else to pick up
Even the tiny piece of dust
Under the roof of liar’s house
We do not need to follow the liar’s rain drops and airwaves……..

Look at the sea ahead
There will be a train
Which coming through the darkness by speed
There will be a peacock flag along with a breeze
Those will be in my sight
Those will be in our sightSo, let’s talk with a train…….



Saung Yune La23/10/2007

Sunday, October 21, 2007


ရှစ်လေးလုံး
တိုင်းတပါးကျွန်
စစ်တပ်ကျွန်
ဘယ်ကျွန်မှမခံ
ဒေါင်းအလံဟေ့
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံပြန်စိုက်မယ်။
မင်းကိုနိုင်

သံဃာ့သွေးက ကပ်ဆေးလိမ့်မယ် (၈လုံးဖွဲ့ ကဗျာ)


ဆရာကြီးမောင်စွမ်းရည်









ဟင်းလင်းပြင်သို့ အန်ချခြင်း


လင်းလက်တဲ့
အာရုဏ်နံနက်ကို
လုယူခံခဲ့ရတာ
တဆယ့်နှစ် နှစ်ကြာ့ ။


လှပတဲ့
ဆည်းဆာညနေကို
သိမ်းပိုက်ခံခဲ့ရတာ
နှစ်ဆယ့်ခြောက်နှစ်ကြာ့  ။


အဲဒီလို
လင်းလက်တဲ့အာရုဏ်နဲ့ 
လှပတဲ့ဆည်းဆာကို
လုံးဝမခံစားရတော့တာက
လေးဆယ့်ငါးနှစ်ကြာ့  ။


သက်တမ်းစစ်ကြည့်တော့
လေးဆယ့်ငါးနှစ်ဆိုတဲ့ကာလမှာ
ငါတို့ ဟာအမှောင်ကမ္ဘာထဲကျ
ခန္တီပါရမီပြည့်ဝခြင်းတွေနဲ့ ကြီးပြင်း
အလင်းကိုလည်းမဖက်တွယ်ခဲ့ရ
အလှအပကိုလည်းမခံစားခဲ့ရ
သြော် ဘ၀့  ဘဝ
သက်ပြင်းချနေရုံ လုံလောက်ပါ့မလား
ဓါးစွဲသင့်ရင်လည်းစွဲ
ဟောဟိုနေပူကျဲတဲမျာ
ငါ့ရဲ့ဒေါသအလုံးစုံကို
ထွေးအန်ချလိုက်ချင်ရဲ့ ။



ဆောင်းယွန်းလ









သမိုင်းရေးသူများ



အဲဒီကဗျာတွေထဲမှာ
ငါ့ 
ဆက်ပြီး အိမ်ဆောက်နေရ အုန်းမှာလာ့း့ ။

လေထဲ
ကြေကွဲခဲ့ရတဲ့နေ့ တွေ
အရှေ့ အနောက်နဲ့
အလယ်ပိုင်းကန္တာရတွေရဲ့
အားပြိုင်မှုမျဉ်းတွေကြား
ငါ့ 
ဆက်ပြီး မေ၀၀ါးချင်တော့ဘူ့း့  ။

ဦးမော့ပြီးရင်
ပြန်ငုံလေ့မရှိတဲ့
အဲဒီခြေလှန်းတွေက
ညနက်နက် မဟူရာမှာ
အာမခံချက်တွေဆိတ်သုဉ့်း့  ။

ဗုံးဆံနဲ့ယမ်းငွေ့ တွေကြားက
၂၀ ရာစုနှောင်းပိုင်းတခု
ငါတို့ ရင်မှာဗဟိုပြုခဲ့ပြီးပြီ
အဲဒီအတွက်
ငါတို့ 
ရှေ့ဆက်ချီတက်ရမယ့့်  ။

တကယ်တော့
လူတိုင်းသူ့ သမိုင်းသူရေး
ခွေးဖြစ်သူဖြစ်
စတေးရစ်သူ
စတေးခဲ့ကြတာဘဲမဟုတ်လာ့း့ ။




ဆောင်းယွန်းလ

၂၀၊၁၀၊၂၀၀၇



Thursday, October 18, 2007

စစ်သား
ဘ၀တွေထဲကမျက်ဝန်း
မျက်ဝန်းထဲကမျက်ရည်
အသက်တွေက မရေနိုင်ပေးဆက်
သွေးအထက်ကခြေရာ လေးဘက်
ခွေးထက်မိုက်တဲ့ကောင်
သံဃာတောင်ပစ်သတ်
ညစ်ပတ်တဲ့
စစ်ဖိနပ်အောက်က စစ်သား
မင်းလည်းနင်းပြားဘဲ ။
အဂ္ဂ