Sunday, October 21, 2007








ဟင်းလင်းပြင်သို့ အန်ချခြင်း


လင်းလက်တဲ့
အာရုဏ်နံနက်ကို
လုယူခံခဲ့ရတာ
တဆယ့်နှစ် နှစ်ကြာ့ ။


လှပတဲ့
ဆည်းဆာညနေကို
သိမ်းပိုက်ခံခဲ့ရတာ
နှစ်ဆယ့်ခြောက်နှစ်ကြာ့  ။


အဲဒီလို
လင်းလက်တဲ့အာရုဏ်နဲ့ 
လှပတဲ့ဆည်းဆာကို
လုံးဝမခံစားရတော့တာက
လေးဆယ့်ငါးနှစ်ကြာ့  ။


သက်တမ်းစစ်ကြည့်တော့
လေးဆယ့်ငါးနှစ်ဆိုတဲ့ကာလမှာ
ငါတို့ ဟာအမှောင်ကမ္ဘာထဲကျ
ခန္တီပါရမီပြည့်ဝခြင်းတွေနဲ့ ကြီးပြင်း
အလင်းကိုလည်းမဖက်တွယ်ခဲ့ရ
အလှအပကိုလည်းမခံစားခဲ့ရ
သြော် ဘ၀့  ဘဝ
သက်ပြင်းချနေရုံ လုံလောက်ပါ့မလား
ဓါးစွဲသင့်ရင်လည်းစွဲ
ဟောဟိုနေပူကျဲတဲမျာ
ငါ့ရဲ့ဒေါသအလုံးစုံကို
ထွေးအန်ချလိုက်ချင်ရဲ့ ။



ဆောင်းယွန်းလ








No comments: