Tuesday, October 30, 2007

တိုက်ပွဲတွေထဲကရလာဒ်

နေကောင်းသွားပြီလို့ ထင်တဲ့

သင့်ရဲ့  ....နဖူးပြင်ကိုတို့ ထိကြည့်လိုက်

အဲဒီမှာ ....ချွေးစတွေအလိမ်းလိမ်း

မိုးခြိမ်းသံတွေနဲ့ နာတာရှည်ရောဂါ

ညတွေမှာနှိပ်စက်

နေ့ တွေမှာအိပ်ပျက်

အိပ်မက်မဟုတ်တဲ့လက်တွေ့ တွေထဲမှာ .....။

စည်းစိမ်တွေပြည့်ဝပြီး

ရှုမငြီးနိုင်လှပြီထင်တဲ့

သင်ရဲ့  .... နန်းရင်ပြင်ကိုလှမ်းကြည့်လိုက်

အဲဒီမှာ .... သွေးစက်တွေကလွှမ်း

သင်ဖြီးဖြန်းနေတဲ့ စင်္ကြာဝဌာပြည့်မုသာဝါဒနဲ့ 

အနာဂတ်မဲ့အိမ်တလုံး

လေထဲ .... ဘုံးဘုံးလဲပြိုကျ

လမ်းမတွေပေါ်ကရဲရဲတောက်တိုက်ပွဲတွေထဲမှာ .....။

ဆောင်းယွန်းလ

၂၊၁ဝ၊၂ဝဝ၇

လမ်းလျောက်တိုက်ပွဲဝင်သူများအားဂုဏ်ပြုလျှက်

No comments: