Friday, October 26, 2007

မိုးခေါ်သူ

ငါ...
နောက်ဆုံးသက်တန့်အစွန်း မှာထိုင်နေရင်း
ပြဌာန်းရေးဆွဲပီးသား
ပြိုင်မျဉ်းတို့လားရာ
ရှာဖွေနေမိ။

ဒီဘူတာက
နွေရာသီမလွန်သေးဘူးဆိုလဲ
နောက်ဘူတာတခုပေါ့
တွယ်ညိလက်စတိမ်စိုင်မျှင်တချို့ 
ပြန်ခေါက်သိမ်းရင်း ......
ငါကစောင့်နေဆဲ။

အများသုံးယဉ်ကျေးမူဖတ်စာအရ
မျက်လုံးဖျော့ဖျော့တစုံသုံးပြီး
မျက်နှာဖုံးမလိုအပ်ဘဲ
ကြိုးဝိုင်းကျဉ်းကျဉ်းလေးထဲ
ရယ်မောကခုန်ရတဲ့အခါ
ဟိုးအဝေးက
ငါ့ဝိဥာဉ်.......
ငါ့ကို
တအံ့တသြငေးကြည့်လို့။

ဝတ်မူန်ကူးချိန်လွန်ခဲ့လဲ
ငါကစောင့်နေဆဲ......။

ဘယ်တော့လဲ.....
ဘယ်မှာလဲ.....
ဘယ်လိုမှမဖြစ်နိုင်မှန်းလဲသိပါရဲ့ 
ဒါပေမယ့်
ကြွေခဲ့ပြီးသား
အဲဒီကြယ်ပွင့်ကလေးကိုမှ
ကောင်းကင်မှာပြန်တပ်ပေးချင်သလိုမျိုးဆိုတော့ .......။

ဒီနေရာမှာ
ပြတင်းချပ်အားထုံဖွင့်ထားပါတယ်ဆိုပေမယ့်
ငါနဲ့အနီးဆုံး .......
အဖြူရောင်ခန်းဆီးကို
.........မုန်းတယ် ။


မွန်ဒရာ
(မန္တလေးဂေဇက်သတင်းစာစက်တင်ဘာ ၂၀၀၇)

No comments: