Wednesday, December 5, 2007

ရှစ်ဆယ့်ရှစ်

အသံမရှိတဲ့ စကားများ

ဖြစ်သင့်တာထက် ပိုများနေရဲ့။

နုံးတင်မြေနု အနာဂါတ်တစ်ခုအတွက်

ယတိပြတ် ဆုံးဖြတ်လိုက်ရမှာလည်း မလိုချင်ဘူး။

ရိတ်သိမ်းပြီးသမျှကို

လက်လွှတ် စွန့်ပစ်သူအဖြစ်နဲ့။

အမေးမရှိတဲ့ အဖြေများဟာ

ဝဋ်နာ ကံနာစီးလို့ သံသရာဆုံးထိသွားရရင်ဖြင့်။

ဒါဏ်ရာတွေ ကျေစရာကို

ဘယ်ဘူတာမှာ ဆေးကြောကြမလဲ

ရင်ထဲမှာတော့ ထာဝရ ။

ကျော်စွာအောင်

No comments: