Wednesday, February 20, 2008


အာဇာနည်ဆိုတာ.....


မိစ္ဆာကိုကိုင်လှုပ်တဲ့လက်
အဲဒီအကိုင်းအခက်မှာရှိတယ်
အကိုင်းအခက်ပေါ်မှာ လန်းတဲ့ပန်း
ကြွေကျ မြေခသွားတဲ့တိုင်လန်းတယ်….


တပွင့်ကြွေရင် တပွင့်သစ်ပေမယ့်
ကြွေတဲ့တစ်ပွင့်မှာ
တစ်ပင်လုံးစာပါတယ်
ကြွေတဲ့တစ်ပွင့်ဟာအသည်းမာတယ်
ကြွေပင်ကြွေငြား
ကျန်သူရဲ့နှလုံးသားမှာ ကဗ္မည်းတင်သွားစေခဲ့တယ်.....


ဆောင်းယွန်းလ

Tuesday, January 22, 2008

ဇန်န၀ါရီ(၂၁)ရက်ထုတ်အချစ်ဂျာနယ်စာမျက်နှာ(၆)တွင်ရဲရဲတောက်ကဗျာဆရာစောဝေ၏
ဖေဖေါ်ဝါရီဆယ့်လေးကဗျာထိပ်စီးစာလုံးတွေပေါင်းဖတ်ရင်းဂုဏ်ပြုကြပါ


အာဏာ(နာ)ရူးကြီးမှူးကြီးသန်းရွှေ

Monday, January 14, 2008

ကာတွန်းစောငို၏လက်ရာသစ်


မုန်းတိုင်းကို ကြိုထောက်ခြင်း

မိတ်ဆွေတို့ 
မုန်တိုင်း လာခါနီးမျိုးနဲ့ 
ငြိမ်သက်ခြင်းမျိုးနဲ့ ငြိမ်သက်နေကြ

ရဲ ဘော်တွေ သေနပ်ချိန်သီးခွက်ကို ကြည်နေတုံး
ငြိမ်သက်သလို မျိုးနဲ့ ငြိမ်သက်နေကြ။

ကောင်းကင်က နီသထက်နီလာပြီ။
မုန်တိုင်းလာလိမ့်မယ်။
မီးတောင်တခုလို
ဒေါသမျိုးနဲ့  သူပေါက်ကွဲပါလိမ့်မယ်။

ဒီအချိန်မှာ
မုန်တိုင်း ကိုကြိုဆိုဖို့ 
လှံစွပ်တွေကိုသွေးထားကြ
သေနပ်ပြောင်းတွေကို တိုက်ထားကြ
ကြွေးကြော်သံတွေကိုတိုက်ထားကြ ။
ပိုစတာတွေကို လုံခြုံတဲ့နေရာမှာဖွက်ထားကြ။

အနာဂတ်ဟာ
မျှော်လင့်ခြင်းတခုသာမဟုတ်တော့ဘူး
တွေ့ ဆုံခြင်း လက် တွေ ဖြစ်လာလိမ့်မယ်။

အမေတို့ ရေ
တုန်ရီနေတဲ့လက်တွေ နဲ့ 
သပြေရွက်တွေကို ဆက်ဆက်ပွေ့ ထားပါဦး

ချစ်သူတို့ ရေ
အစွမ်းကုန်ပွေ့ ဖက်ဖို့ သာပြင်ထားကြပါရော့ လား
မနက်ဖန် ဟာ
သင်တို့ အတွက်ကလွဲလို့ 
ဘယ်သူအတွက်မှာ မဖြစ်နိင်တော့ပါဘူး။

မိုးသီး

Thursday, January 3, 2008

”၂၀၀၈ ဇန်နဝါရီရဲ့ အစီအရင်ခံစာ”


လွတ်မြောက်ပါရစေလို့ချည်း ရွေးပြီးဦးချနေရတဲ့ဆုတောင်း
ဒူးတွေတောင် ညောင်းကုန်လှပေါ့
မျက်ရည်တွေချည်း ရွေးကျနေရတဲ့
ဒီနိုင်ငံကြီးတခုထဲမှာ
ဂုဏ်ပြုတေးတွေလည်း ဆိုရပါများလို့
အာခေါင်တွေတောင်တစ်ဆို့
ပျို့တက်လာတတ်တဲ့ နှစ်ချို့ဝေဒနာ……

နောက်ကျခြင်းတွေချည်း ရွေးသီးနေရတဲ့
တိုးတက်မှုပြဇယား သစ်ပင်ပေါ်မှာ
မျက်နှာငယ်ရပါများလို့
ချို့တဲ့နေတဲ့လူ့ဘုံခန်းဝါ
ဒါ ကမ္ဘာ့ရွာအပြင်ဖက်က ငါတို့မြန်မာ……

ပိုလန်ကဗျာဆရာက ဒီလိုဖွဲ့ဆိုခဲ့
သူ့ရဲ့ခံစားချက်တလှေကြီးကို…
”စစ်ပွဲရဲ့ ကျေးဇူးကြောင့် ကလေးမျိုးစိတ်အသစ်စက်စက်ကို
ငါတို့ ဖန်တီးနိုင်ကြပြီ
ငါတို့ကလေးငယ်တွေဟာ နတ်သမီးပုံပြင်တွေကိုမကြိုက်ဘူး
သတ်တမ်းဖြတ်တမ်း ကစားဖို့ပဲ စိတ်ဝင်စားကြတယ်
နိုးနိုးအိပ်အိပ် သူတို့အိပ်မက်မက်ကြတာက
ပေါင်မုန့်နဲ့အရိုးစွပ်ပြုတ်
ခွေးတွေကြောင်တွေအတိုင်းပဲ” တဲ့……

ကြေကွဲပွင့်တွေချည်း ရွေးပွင့်နေရတဲ့
ဒီမြေကြီးပေါ်မှာ
နှစ်ပေါင်းများစွာရပ်လာရတဲ့ ငါက
ဒီလိုရေးဖွဲ့ချင်ရဲ့
ကလေးတွေနဲ့ လူကြီးတွေရဲ့ခံစားချက်တူညီမှုနဲ့
တုန့်ပြန်မှုကွဲပြားခြားနားချက်ကို…..
သူတို့ကမွန်းကျပ်ကြတယ်
အခန်းကျဉ်းတွေထဲမှာ နေရပါများလို့
အလင်းရောင်နဲ့ အားပါးတရရှုသွင်းနိုင်မယ့်လေကိုမွတ်သိပ်ရင်း
မြေသင်းနံ့မွှေးစေမယ့်လတ်ဆက်မိုးရေကိုတမ်းတရင်း
ကမ္ဘာကြီးရဲ့ဖိတ်ကြားလွှာတွေကိုလည်တဆန့်ဆန့်မျှော်ရင်း
သေမင်းခံတွင်းဝကပြေးထွက်ဖို့ကြိုးစားကြ
ကလေးတွေက လက်တွေကိုလေထဲဆန့်ထုတ်ကြ
လူကြီးတွေက ရင်ဘတ်ဗလာကိုတံဆိပ်ကပ်ရင်း
ကလေးတွေကြီးပြင်းဖို့ နှစ်ချို့အနာနဲ့ရုံးတက်ကြ…..

ငါတို့ကလေးတွေက အချစ်ဝတ္ထုတွေကိုမမက်မောကြဘူး
ကျဉ်းထဲကျပ်ထဲက ခပ်ရဲရဲအရေးအသားတွေကိုဘာသာပြန်ဖို့
သူတို့ရဲ့ ဘဝပေးအသိတွေနဲ့ရင်းပြီးစိတ်ဝင်တစားဖတ်ကြတယ်
လူကြီးတွေက ဆိုင်းဘုတ်တပ်ကြော်ငြာတွေထက်
မတရားဖြတ်တောက်တားဆီးခံရတဲ့ လေလှိုင်းအသံတွေကို
ပိုပြီးမြတ်နိုး အားကိုးတကြီးနားထောင်ကြတယ်…..

အဲဒီလိုနဲ့
ညနေခင်းတွေမှာလည်း
သူတို့ရဲ့လမ်းမတွေဟာအကွဲကွဲအပြဲပြဲ
နံနက်ခင်းတွေမှာလည်း
သူတို့ရဲ့နေရောင်ခြည်ဟာအနွေးဓာတ်မပါ အေးခဲ
ညနက်တွေထဲမှာတော့
ဗိုင်းရပ်စ်ပိုးမွှားတွေကအသက်ရှင်
နွယ်တပင်လိုတွယ်ရစ်နေတဲ့ သူတို့ရဲ့တောင့်တမှုလွတ်မြောက်ခြင်း
တနင်္လာနံနက်ခင်းမှသည် တနင်္ဂနွေညခင်းဆီထိ
၁၉၆၂ မှသည် ၂၀၀၈ ဇန်နဝါရီတိုင်ထိ……..။


၂၀၀၈ခုနှစ်ဧ။် ပထမဦးဆုံးခံစားချက်အား ယနေ့နံနက် အိပ်ရာထထချင်း ခံစားချက်ပြင်းပြင်းတချို့နှင့်အတူ ဖောက်ခွင်းမိပါသည်။ မျှဝေခံစားနိုင်ကြပါစေ
လို့ဆုတောင်းရင်း………….

ဆောင်းယွန်းလ
ဇန်နဝါရီလ ၁ရက်နေ့ ၂၀၀၈ခုနှစ်

Tuesday, January 1, 2008

အဝေးက၊ အနီးက၊ မဝေးမနီးက

လုပ်ဖေါ်ကိုင်ဖက်တွေအားလုံးသို့

နှစ်သစ်ကူးအမှတ်တယ

• အပြောင်းအလဲဆိုလို့

ဟောင်းပြီးရင်ဟောင်း

အဟောင်းတကာ့ အဟောင်းဆုံးတွေထဲမှာ

အကောင်းဆုံးလေးတွေကို ငါကောက်ရခဲ့တယ်။

ရာပြည့် , တည်ကြည် ,ဟန်နီ

Claude, Jame ,ဝေယံ, မော်မော်,

လမင်း , Smith˜ မိကောက် ....˜

ဘယ်လိုဘုရားမျိုးက ဖန်ဆင်းထားတာပါလိမ့်၊

• ငါက

ကောင်မလေးရဲ့အနမ်းတွေအောက်မှာ

ငါ့ဘ၀ထမင်းပွဲကို ခူးခပ်ပြင်ဆင်နေတုန်း

စစ်မီးထတောက်တော့

ဗုံးကျည်ဆံတွေကြားမှာ

ငါ့သီချင်းတွေခမျာ

အသံတခြား စာသားတခြား

အကုန်လုံး ဆွံအသွားတယ်၊

• ကံကောင်းလို့ ငါမသေတယ်

ပစ်နေခတ်နေတဲ့ကြားက

ကယ်ဆယ်ရေးပုခက်ပေါ်မှာ

အဖြူရောင်တနင်္ဂနွေ

ဝတ်ပြုဆုတောင်းပွဲများ

မေလရဲ့ ၂၇

ရှစ်ဂဏန်းများ

လောင်စာဆီဈေးနှုန်း

ရေဒီယို (၄)လုံး

ရွှေဝါရောင်လှိုင်းလုံးကြီးများ၊

• တိုးတိုးတိတ်တိတ်သာ ရွတ်ဆိုခွင့်ရှိပြီး

ကျယ်ကျယ်လောင်လောင် မြည်ဟီးတတ်တဲ့

သူမရဲ့အမည်နာမ

မီးပြင်းတိုက်ထားပေမဲ့

ဂုဏ်သတ္တိတွေ ပြောင်းမသွားတဲ့

ငါ့ရဲ့မိုက်ဖေါ်မိုက်ဖက်တွေ

ငါ ဦးညွှတ်ပါ.

မလုံလောက်သေးဘူးထင်လို့

ငါ့ ခန္ဓာတခုလုံးကို ကိုင်းညွှတ်ပါ.

ထပ်လိုအုန်းမယ်ထင်လို့

ငါ့ ရှေ့ဘ၀ နောက်ဘ၀များစွာကိုပါ

ကိုင်းညွတ်လိုက်ပါ.။

ထွန်းမြင့်အောင်

၂၀၀၇ ဒီဇင်ဘာ ၃၁

သန်းခေါင်ယံ

Thursday, December 20, 2007

”သစ္စာရှိကြေး”

နေသားတကျမရှိလှတဲ့
ဘဝကဘဲ
မျှော်လင့်ချက်တွေကို ခဏခဏရိုက်ပုတ်ထုတ်ခဲ့။
ဝေးလွင့်သွားတဲ့မျှော်လင့်ချက်တွေကဘဲ
ဘဝကို နေသားမကျအောင်
အစီအစဉ်တကျချည်နှောင်စေခဲ့။
ဘဝနဲ့မျှော်လင့်ချက်တွေဟာ
နေ့နဲ့ညလိုစိန်ပြေးတမ်းကစား
ဘယ်တော့မှမပေါင်းဆုံနိုင်တဲ့ မျဉ်းပြိုင်များလို။
နေသားကျနေတဲ့
သီးခံမှုတွေက
ဖန်တရာထပ်နေတဲ့
မတရားလုပ်ဇာတ်တွေကြောင့်
မာတောင့်တောင့်အစိုင်အခဲဖြစ်လာခဲ့။

စိုးရိမ်ကြောင့်ကြမှုတွေက
အရည်ပျော်ပြာကျသွားတဲ့အခါ
သူတို့ဟာ..သေမှာလည်းမကြောက်ကြတော့
ခေါင်းမော့ ရင်ကော့ပေးလိုက်ကြလေရဲ့
အာဏာရှင်တွေရဲ့ သေနတ်ပြောင်းဝရှေ့မှာ။

ဘာဖြစ်ဖြစ်မမှုတော့တဲ့
စိတ်ဓာတ်တွေကဘဲ
အသက်နဲ့လဲပြီး
ကမ္ဘာ့လူထုကြီးကို အသိပေးခဲ့ကြ
မတရားမှုတွေပြည့်နှက်နေတဲ့
နိုင်ငံတခုရဲ့ အကြောင်းကို
စာအံသံဆွံ့အနေတဲ့ သင်ခန်းစာအဟောင်းတွေရဲ့အကြောင်းကို
သေကောင်ပေါင်းလဲ ဆေးရုံတွေထဲက
ငွေမရှိရင် ဆေးဝါးမရှိတဲ့လူမမာတွေရဲ့အကြောင်းကို
ပြေးရင်းလွှားရင်း စစ်တလင်းတွေထဲက
ခြေပျက်တွေနဲ့ မျက်စိလပ်သွားသူတွေရဲ့အကြောင်းကို
ရက်အကန့်အသတ်မရှိ အကျဉ်းချခံထားရတဲ့
အမှန်တရားတွေရဲ့ အာမခံချက်ဆိတ်သုဉ်းခြင်းအကြောင်းကို
အလောင်းမြေချခွင့်တောင်နည်းပါးလှတဲ့
ဆင်းရဲနွမ်းပါးမှုတွေရဲ့အကြောင်းကို
မကြာခဏပြောင်းရွှေ့ခြင်းခံနေကြရတဲ့
မြို့ပြအိမ်ယာစီမံကိန်းတွေထဲက တဲပုတ်ငယ်လေးတွေရဲ့အကြောင်းကို
ဦးနှောက်ယိုစီးမှုရဲ့ အဓိကအခြေခံအကြောင်းတွေကို
စေတီပုထိုးတွေပေါများသလောက်
ကုန်းကောက်စရာမရှိလှအောင်
အကြင်နာတရားခေါင်းပါးလှတဲ့အုပ်ချုပ်သူလူတန်းစားတွေရဲ့
သံဃာနဲ့အမျိုးဖြုတ်စစ်ဆင်ရေးတွေရဲ့အကြောင်းကို
ဖောင်းပွနေတဲ့ငွေကြေးစံနစ်တွေရဲ့အကြောင်းကို
ယူနီဖောင်းဝတ်တွေရဲ့
လက်တည့်စမ်းမှုတွေကြောင့်
မိမဲ့ဖမဲ့ဖြစ်သွားရတဲ့ကလေးငယ်တွေရဲ့အကြောင်းကို
ပိုးထိုး လောက်ကိုက် ခြစားနေတဲ့
အနှစ်မဲ့ စနစ်တခုရဲ့အကြောင်းတွေကို။

နေသားတကျမရှိလှတဲ့ဘဝကဘဲ
မျှော်လင့်ချက်တွေကိုပြန်လည်မွေးဖွားဖို့လက်တို့ခဲ့
မျှော်လင့်ချက်တွေကဘဲ
တရားတဲ့တိုက်ပွဲကို လက်နက်ဗလာနဲ့ဆင်နွှဲခဲ့
ဒဏ်ရာနဲ့နှလုံးသားတွေရဲ့
အစိမ်းလက်လက်နာကျင်မှုတွေထဲမှာ
ကမ္ဘာတခုလုံးအုံးအုံးကြွက်ကြွက်ညံစေမယ့်အသံ
တော်လှန်ရေးသင်ခန်းစာသစ်တခုပြဌာန်း
စက်တင်ဘာရဲ့ လမ်းကြမ်းကြမ်းပေါ်မှာ။

ကဲ.အစိုင်အခဲတွေကိုအရည်ဖျော်ဖို့
အနာဂတ်တွေကို ရွှေချဖို့
ရှေ့သို့ဆက်လှမ်း တော်လှန်ရေးရဲ့လမ်းတွေထဲကို…..
အသည်းမာမာနဲ့ နောက်မဆုတ်ကြေး
လူ့အခွင့်အရေးရသည်အထိ
အာဏာရှင်တွေပြုတ်ကျသည်အထိတိုက်ပွဲဝင်ရင်း
အသက်ဘဝနဲ့ရင်းခဲ့ကြသူတွေကိုသစ္စာစောင့်သိကြ။

ဆောင်းယွန်းလ


ကာတွန်းစောငို၏လက်ရာသစ်များ

Monday, December 17, 2007

ကာတွန်းစောငို

Saturday, December 15, 2007

တိုက်ပွဲခေါ်သံ(နှစ်)

တိုက်ပွဲခေါ်သံ
ဇန်နဝါရီလ
၂၀၀၇ရဲ့စက်တင်ဘာလကိုပြန်လည်အသက်သွင်း
၂၀၀၈ဟာငါတို့ရဲ့မဟာနံနက်ခင်းတွေဖြစ်စေရမယ်ဟေ့…..။

ဒီတနှစ် ၂၀၀၇ဟာ သိသိသာသာကုန်ဆုံး
ဒီဇင်ဘာတဝက်ကိုတောင်ခြေတဘက်ကမ်းရင်း
၂၀၀၈ ဇန်နဝါရီရဲ့ကောင်းခြင်းတွေကိုလှမ်းဆွတ်တော့မယ်။
၂၀၀၇ သြဂုတ်ကစတဲ့ တိုက်ပွဲခေါ်သံ
မြန်မာပြည်အနှံ့ရဲ့ မြို.ပြနဲ့
ကျေးလက်မကျန်
ရှိသမျှနံရံတွေကို အရှိန်မှန်မှန်ရိုက်မှန်စေခဲ့ပြီး
၂၀၀၇ရဲ့ စက်တင်ဘာကိုအဟုန်ပြင်းစွာလှုပ်နှိုး
ဒီမိုကရေစီနဲ့လူ့အခွင့်ရေးတောင်းဆိုမှု မိုးတွေရွာချ
ဘုန်းဘုန်းတို့လမ်းပေါ်ထွက်ခဲ့ကြ
အနူပညာရှင်တွေဆွမ်းကွမ်းရေချမ်းကပ်လှုခဲ့ကြ
ပြည်သူတွေလက်ချင်းချိတ်
လွယ်အိတ်တွေနဲ့ကျောင်းသား
ခွပ်ဒေါင်းအလံများကိုလေမှာပျံဝဲစေရင်း
အကြမ်းမဖက်ရေးသီချင်းတွေကို
ကမ္ဘာ့မီဒီယာသတင်းတွေအဖြစ်ဖောက်ခွင်းရစ်ခဲ့ကြတယ်။

၂၀၀၇ဟာ ဇာတ်ဝင်ခန်းမဟုတ်သလို
ဇာတ်သိမ်းခန်းလည်းမဟုတ်ခဲ့
၂၀၀၇ဟာ ၆၂ရဲ့ဇာတ်ပေါင်းခန်း
၂၀၀၇ဟာ ၇၄ရဲ့ဇာတ်ပေါင်းခန်း
၂၀၀၇ဟာ ၈၈ရဲ့ဇာတ်ပေါင်းခန်း
၂၀၀၇ဟာ ၉၆ရဲ့ဇာတ်ပေါင်းခန်း
၂၀၀၇ဟာ ၂၀၀၄ရဲ့တအုံနွေးနွေးမွေးခဲ့တဲ့ဇာတ်ကြမ်း
အဲဒီဇာတ်ကြမ်းကို အဆုံးသတ်ဖို့မျှော်မှန်းတယ်
၂၀၀၈ရဲ့ခရီးစခန်း မဝေးတော့တဲ့လမ်းမှာ။

စက်တင်ဘာရဲ့ရွှေဝါရောင်တော်လှန်ရေးမှာ
ဘုန်းဘုန်းတွေသွေးနဲ့ပရိတ်တရားနာ
ပြည်သူ့သွေးနဲ့ငိုကြွေးရှိုက်ငင်
ကျောင်းသားတွေသွေးနဲ့ပြဌာန်းချက်အသစ်ရေး
အဝေးရောက်မြန်မာတွေရဲ့တိုင်းချစ်ပြည်ချစ်စိတ်
ကမ္ဘာအပြင်ဘက်ထိဖိတ်ကျစေခဲ့တယ်။
တိတ်ဆိတ်နေတဲ့အခိုက်တန့်ခဏ
၂၀၀၇ရဲ့ ဒီဇင်ဘာအခုလိုလမျိုးမှာ
မျိုးချစ်သူရဲကောင်း သံဃာတော်တွေဟာ
မျိုးချစ်သူရဲကောင်း ကျောင်းသားကျောင်းသူတွေဟာ
မျိုးချစ်သူရဲကောင်း တိုင်းသူပြည်သားတွေဟာ
မြင်းခွာတချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမယ်ဆိုတဲ့
ကိုဗဟိန်းရဲ့ ရဲရဲတောက်စကားကို လက်ကိုင်ထားပြီး
အမှောင်ခွင်း အလင်းဆောင်မယ့်မီး တုတ်ကိုကိုင်
ဒီမိုကရေစီ မိုင်တိုင်တွေဆီချီတက်ဖို့အတွက်
အကြမ်းမဖက်တဲ့ ငြိမ်းချမ်းရေးကျောပိုးအိတ်တွေကိုထမ်းပိုးရင်း
ရှေ့ခရီးပြင်းတွက် ခွန်အားလက်နက်တွေပြင်ဆင်နေကြလေရဲ့။

နောက်ဆုံးတိုက်ပွဲခေါ်သံအဖြစ်
ခင်ဗျားတို့..ကျုပ်တို့
ကဗျာတပုဒ်
ကျယ်ကျယ်လောင်လောင်အော်ဟစ်ထုတ်လိုက်ကြစို့…
တိုက်ပွဲခေါ်သံ

ဇန်နဝါရီလ
၂၀၀၇ရဲ့စက်တင်ဘာလကိုပြန်လည်အသက်သွင်း
၂၀၀၈ဟာငါတို့ရဲ့မဟာနံနက်ခင်းတွေဖြစ်စေရမယ်ဟေ့…..။

ဆောင်းယွန်းလ


Tuesday, December 11, 2007

ကိုယ်ပိုင်ပြဌန်းချက်

ပြဿနာနဲ့ငါ

နယ်နမိတ်တိုင်းမှာထိစပ်ကြပေါ့

စည်းခြားကြေးဆိုလည်း

ကျဉ်းမြောင်းလာမယ့်ရပ်တည်ချက်တွေနဲ့

ရက်စွဲအပိုတွေ အတွက်

နယ်ခြားစောင့်တပ်သား

အငှားထားရလိမ့်မယ် ။

အရင်းစစ်အမြစ်မြေမှာတူးဆွ

သူနဲ့ငါ

ငါနဲ့သူ

ရန်သူဆိုတဲ့ပြတ်သားမှုတိုင်းမှာ

စကားလုံးတွေနဲ့စစ်ခင်းလို့မရ

အတွင်းကလှိုက်စားလာမယ့်အမြစ်

မူလဇစ်မြစ်ခိုင်မာ ကျောက်စိုင်ကျောက်ခဲဖြစ်နေရင်တောင်

ဖေါက်ခွဲသွားလိမ့်မယ် ။

သန္ဓေဗီဇရဲ့ဖြစ်တည်မှုမှာ

မျိုးရိုးအစဉ်အလာသွေးကပါသတဲ့

အဆိပ်တွေပွင့်သီးရင့်မှည့်စေမယ့်

သန္ဓေသွေးသား

မရင့်ခင်ကတည်းက

မဆီးတား အပြီးဖျက်ချမထားခဲ့တဲ့အမှား

လူသတ်လို့ငရဲမလားဆိုတဲ့ဆောင်ပုဒ်စကား

ခိုင်မြဲနေမဲ့မိစ္ဆာတွေကြား

ငါးပါးသီလလည်းမြဲသင့်မှမြဲကြရင်

အကောင်းသားဆိုတဲ့

မှားနေတဲ့အသိတရားမှာ

ငါတို့ကိုယ်တိုင်ရဲ့ ကိုယ်ပိုင်စကားတွေနဲ့

တခါတခါမျက်လုံးစုံမှိတ်ပြီး

ဦးနှောက်ကိုစီးမြောခွင့်ပေးရဲရမယ် ။

ဖြားယောင်းခံရတယ်ဆိုတဲ့မှတ်တမ်းတွေက

ယုံကြည်လွယ်သူတွေကရေးခဲ့ကြတာ

ဖန်တရာထေနေတဲ့ဇတ်ညွှန်းပြဇတ်ကို

မျှော်လင့်ချက်လမ်းဟောင်းထဲက

စွဲလမ်းတတ်မက်တတ်တဲ့

အသိမဲ့ စည်းမခြား

ပုရိတ်သတ်များရှိနေဆဲမို့

စဉ်းစားခွင့်ပေးမထားတဲ့ဇတ်သိမ်းမှာ

ငိုခိုင်းတိုင်းငိုကြရအခါခါဘဲမဟုတ်လား ။

ယုံကြည်မှုတိုင်းမှာ

ကျည်ကာအင်္ကျီဝတ်ပေးထားလို့

ခံနိုင်ရည်စွမ်းလုံလောက်ကြေးဆို

လူသတ်စစ်ရာဇ၀တ်ကောင်တွေ ရဲ့

မထေမဲ့မြင်နှတ်ခမ်းစ ကြောင့်

ငါတို့ရင်ထဲမှာ တိုက်ဖြစ်ခဲ့ကြတဲ့

သွေးဆာမုန်တိုင်းတွေဟာ

ဘာကြောင့်လည်း ။

ငါတို့ ………

ကျွမ်းဝင်နေကျလူတွေက

တွေ ဝေအမှားတွေနဲ့

လေပြေစကားထဲမြောကြပေါ့

ကြောချမ်းနေတဲ့ ငါ့မသိစိတ်က

အိပ်မွေ့ချခံထားရတဲ့

သံပခြုပ်စားပွဲဝိုင်း မွေ့ယာထက်မှာ…

ဟင်းလင်းပြင်ထဲ လွင့်လွင့်ထွက်ခဲ့တဲ့

နှစ်လွန်ရက်တွေက

ငါ့အသက်မကတော့

အကာအကွယ်မဲ့ဘ၀တွေနဲ့

စိတ်ပျက်စွာညဉ်းတွား

တော်လှန်ရေးသမားဆိုတာလည်း

စည်းဝါးကျဖို့လိုနေဆဲပေါ့ ။

ရိုးသားမှုလို့ဂုဏ်ယူစရာ

မင်း ဘ၀လမ်းကျဉ်းကျဉ်းလေးထဲမှာ

အများနဲ့တသားတည်းမကျ

အားမလိုအားမရ

ဝေဖန်မှုတွေနဲ့အသားကျ

တားမရလို့ ဖွင့်ဖွင့်ပေးနေရတဲ့

မြို့ ရိုးတခါးဝမှာ

မင်း အမေကို ကြံစည်သူတွေက

မင်း ကို ရယ်ြပနေကြပြီလေ

အဓိပ္ပါယ်ဆိုလိုရင်းက မင်းဟာငတုံးငအတဲ့ ။

အသက်တွေလောင်းကြေးပေးခဲ့ဘူးတဲ့

ကစားကွင်းတခုမှာ

မင်းနဲ့ငါကတဖက်

သူတို့က တဖက် ပေါ့

သူတို့ နဲ့ င့ါ အကြား

ပြတ်ပြတ်သားသား

ရန်ကာစည်း ခြားခဲ့ ။

မိတ်ဆွေ ရန်သူ

လားရာဖက်မတူတဲ့ကျည်ဆံများ

ခြေစုံရပ်ထား အလယ်ကြားက

မင်း ……

မထွင်းရက်လို့ မဖြစ်တဲ့ သစ္စာကျည်တစအပေါ်

ငါတို့ အသက်ဘ၀ တွေအပ်ကြရမယ့်

အခုအချိန်

င့ါရဲ့မေးခွန်းစကား မှာ အဖြေရှာရှိပြီ

မင်း …….

ရန်သူလား

မိတ်ဆွေလား ။

အဂ္ဂ

Thursday, December 6, 2007

ခရီးများအဆုံးထိ

ဒီလမ်းကိုငါတို့ကမှရွေးပြီးဖောက်ခဲ့တာမဟုတ်သလို
ငါတို့ချည်းရွေးလျောက်ခဲ့ကြတာလည်းမဟုတ်ပါဘူး
ဒီလမ်းကကြမ်းတယ်......
ဒီလမ်းမှာပန်းမပွင့်ဘူး....
နှစ်သစ်ကူးပွဲတော်တွေအတွက်အချိန်မရှိခဲ့ဘူး....
နှစ်ဦးသဘောတူလျောက်လှမ်းခဲ့ကြတဲ့ဒီလမ်းမှာ
ဘာများကွဲလွဲစရာရှိခဲ့ကြလို့လဲ
ခရီးအစပထမကိုပြန်လှည့်ကြည့်လိုက်
ဗိုက်မှောက်ရေသောက်အမိုးတခုတည်းရဲ.အောက်မှာ
မင်း..နဲ့..ငါ
အဓိကတွေအတွက် သာမညတွေကိုမေ့ပစ်နိုင်ခဲ့ကြတယ်......
ခရီးကြမ်းကြီးတခုတည်းမှာ မင်း..ရယ်..ငါ
တောင်တွေကိုအတူတက်ရင်း ထမင်းအခါခါငတ်ခဲ့
တောတွေကိုအထပ်ထပ်ဖြတ်ရင်းသွေးသောက်ရောင်းရင်းဖြစ်ခဲ့
ချောင်းအထပ်ထပ်ကျော်ရင်းတွေ့ရာအပင်ခြေရင်းခြေအတူဆင်းခဲ့ကြ
အကာလညယံတွေမှာခွပ်ဒေါင်းတေးတွေကိုဆိုငြီးခဲ့ကြ
ပြီးတော့..အမေ့အကြောင်းတွေကိုလုယက်ပြီးပြောကြ
မာတာမိခင်နဲ့ငြိမ်းချမ်းရေးမိခင်အကြောင်းတွေကိုပေါ့......
ငါတို့ရဲ.ခရီးလမ်းတလျောက်မှာအားပေးခဲ့ကြတဲ့
ရွာစဉ်တန်းတလျောက်ကတတိယအမေတွေရဲ.အသံ
မွေးစားမိဘတွေရဲ.အားပေးစကား
ထိုင်းမြန်မာနယ်စပ်နားကစစ်ဘေးသင့်နေကြတဲ့ပြည်သူ့အသံ
မင်းမှတ်မိဟန်တူပါရဲ.
ငါလည်းမေ့လေမယ်မထင်နဲ့.......
တကယ်တော့၁၉နှစ်ဆိုတဲ့သက်တမ်းမှာ
ငါတို့လမ်းတွေမညီညာခဲ့ဘူး
မဖြောင့်ဖြူးခဲ့ကြဘူး..
တချို.ငြှောင့်ဆူးခဲ့ကြသလို
တချို.အချိုသပ်ခံရင်းရန်သူ့ပစ်ကွင်းထဲကိုအမိအရဝင်ခဲ့ကြ
တချို.သေကောင်ပေါင်းလဲဒဏ်ရာတွေကိုရင်မှာပိုက်ရင်းစစ်တလင်းထဲမှာ
ငါကိုယ်တိုင်ကတော့တတိယနိုင်ငံတနိုင်ငံမှာ
ဝေဒနာတနင့်တပိုးတပိုးကိုထမ်းပိုးရင်းအမျက်ဒေါသတွေကိုအတောမသတ်နိုင်သေးတဲ့
အနားမညီတဲ့ချိန်ခွင်လျှာတခုပေါ်မှာ..
အကြိမ်ဖန်များစွာအလဲထိုးခံခဲ့ရ
ဒဏ်ရာတွေနဲ့နေသားကျနေခဲ့ရ
လပြည့်မှန်းလကွယ်မှန်းမသိတဲ့ညတွေကိုဖြတ်ကျော်ခဲ့ရ
ဘယ်လိုမှနေသားကျမလာခဲ့တဲ့လူ့ပတ်ဝန်းကျင်တခုထဲမှာ.....
ဒီလိုနဲ့..စိတ်ဓာတ်မြှင့်တင်ရေးပန်းချီကားတချပ်
၂၀၀၇ရဲ.စက်တင်ဘာမှာ..
မျိုးဆက်သစ်တွေရဲ့သွေးစက်တွေနဲ့စုတ်ချက်တင်
ငါတို့အထွတ်အမြတ်ထားတဲ့သံဃာတွေရဲ.အကြမ်းမဖက်ရေးစိတ်ဓာတ်တွေနဲ့ရေးဖွဲ့ရင်း
နောက်ထပ်ခရီးပြင်းတခုကိုချီတက်ဖို့ရာအတွက်
မပြီးဆုံးသေးတဲ့ငါတို့ရဲ့ခရီးကြမ်းကြီးကိုဆက်လက်လျှောက်လှမ်းဖို့ရာအတွက်
နိုင်ငံတကာရဲ့ဖန်သားပြင်မျက်နှာစာတွေပေါ်မှာ
အသက်ဝင်လာခဲ့ကြလေတယ်....
သူတို့တတွေကဒီလမ်းကိုပန်းကြဲ့ပီးဖောက်ခဲ့ကြတာမဟုတ်ဘူး
ဟိုးအဝေးကမီးမထွန်းနိုင်သေးတဲ့မင်းတို့ငါတို့ရဲ့အမေ့အိမ်တွေအတွက်
မနက်စာဘယ်မှာရှာရမှန်းမသိနိုင်တဲ့မင်းတို့ငါတို့ရဲ့ညီညီမတွေအတွက်
လမ်းမပေါ်ကိုထွက်ပြီးအသေခံရင်း
လူ့အခွင့်အရေးလမ်းစတခုကိုအသက်နဲ့အရင်းပြုပြီး
မီးထွန်းပြသခဲ့ကြတာဖြစ်တယ်......
ဒီလမ်းဟာကြမ်းမယ်
ဒီလမ်းမှာပန်းမပွင့်ဘူး
ဒါပေမယ့်ကူးဖြတ်ရဲဖို့လိုတယ်
ခံနိုင်ရည်ရှိဖို့လိုသလိုပေးဆပ်ရဲဖို့လည်းလိုတယ်
ပြီးတော့အမြင့်ကိုတက်သွားပြီးတဲ့အခါတိုင်း
မိမိခြေလှမ်းတွေကိုပြန်ငုံ့ကြည့်တတ်ဖို့လိုအပ်သလို
အောက်ဆုံးထစ်ကလူကလည်းအချိန်မရွေး
ပခုံးထမ်းတင်ပေးဖို့ဝန်မလေးသင့်ဘူး......။

ဆောင်းယွန်းလ


Wednesday, December 5, 2007

နွေဦးခေါ်သံ

ဟောဒီ ကမ္ဘာပေါ်မှာ
နာနာကျင်ကျင်ဘ၀ ရှိသူတိုင်း

သမိုင်းကို ပြောင်းလဲပစ်ခဲ့ကြတယ်၊


လူဟာ

ချွေးတစက် ရင်းနှီးရင်

အပွင့်အသီး ညီညီမျှမျှပြန်ရနေဖို့၊


လူတဦးတယောက်ရဲ့ အသက်ရှူသံ

သူ့ကြမ္မာနဲ့ ယုံကြည်ချက်တွေအပေါ်

ဘယ်သူမှ မကျူးကျော်နိုင်ဖို့၊


အသိ အသက် ရှိတာခြင်း တူရင်

ဘယ်လူမျိုးကမှ

အခွင့်အရေး ပိုမယူကြဖို့၊


စစ်ဖိနပ်ထဲ ထိုးသွင်းထားတဲ့

အဟောင်းအမြင်း မှန်သမျှကို

ခေါင်းရင်းကနေ ကန်ချပစ်ကြရမယ်၊


ကျနော်တို့ဟာ

သမိုင်းရဲ့ ထုတ်ကုန်ပါပဲ

လူထုကို ယုံတယ်၊

ဒီမိုကရေစီကို ချစ်တယ်၊

အမျိုးသားသွေးစည်းညီညွတ်ရေးကို မြတ်နိုးတယ်။


ပြည်တွင်းစစ်

အနှစ် (၅၀)ကြီးထဲက

ကြေကွဲ သွေး ဘ၀ အသက်တွေ

ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက

သူရဲကောင်းတို့ရဲ့ ၀ိဥာဉ်တွေကို ဦးညွတ်

အမျိုးသားထု လွတ်မြောက်ရေးအတွက်

စစ်အာဏာရှင် အဆက်ဆက်

ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ

တော်လှန်ရေးကို စိုက်ပျိုးပစ်ခဲ့ကြတယ်။


စစ်အာဏာရှင်တို့

ခင်ဗျားတို့ ဒိုင်ယာရီ စာအုပ်ထဲက

အဆီတရွှဲရွှဲ စာရင်းဇယားတွေဟာ

တိုင်းပြည် သယံဇာတများပဲ ဖြစ်တယ်၊


ခင်ဗျားတို့ နှုတ်ခမ်းက အပြုံးစဟာ

လူထု သက်ပြင်းချသံတွေ ဖြစ်တယ်၊


ခင်ဗျားတို့ မျက်လုံးထဲက အလင်းစဟာ

ကလေးတွေ ချွေချွေချခဲ့ရတဲ့

သွေးစ သွေးနများပဲ ဖြစ်တယ်၊


မီးလောင်ငုတ်တိုနဲ့ ပြာပုံထဲက

ကျည်ဆံခွံတွေကို မေးကြည့်ကြစမ်းပါ၊


လူ့အခွင့်အရေးဆိုတာ

စစ်ဖိနပ်နဲ့ နင်း နင်း ပေးဖို့လားလို့၊


စစ်အာဏာရှင်တို့

လူချင်း အတူတူ

ခင်ဗျားတို့ အသက်ပိုမရှူကြနဲ့၊


အဲဒီ ပိုရှူလိုက်တဲ့လေထဲမှာ

တံတားအနီ

ကတ္တရာအနီ

လွယ်အိတ်အနီတွေနဲ့

တနိုင်ငံလုံး

သွေးနဲ့မျက်ရည် ကျဆုံးခဲ့ရသော

ရှစ်လေးလုံး နေ့ရက်များ ပါတယ်၊


ကျောက်သင်ပုံးအကွဲနဲ့

‘၀’လုံး ရွဲ့စောင်းစောင်းတွေ ပါတယ်၊


နို့ရည်မဲ့

ကွဲအက် နှုတ်ခမ်းတွေ ပါတယ်၊


မြေမြုပ်မိုင်း အရိုင်းအစိုင်းကြောင့်

ခြေတပိုင်းပြတ်သွားတဲ့ ကလေးမလေး ပါတယ်၊


ခွေးလို ထဟောင်တဲ့ သေနတ်ကြောင့်

မျက်စေ့ တဖက်လပ်နဲ့ ကောင်လေး ပါတယ်၊


ယမ်းနံ့နဲ့ သဲ့သဲ့ ရှိုက်သံကြား

ပန်းဦး ကြွေသွားတဲ့ ကောင်မလေး ပါတယ်၊


မြေကြီးနဲ့ တောတောင်ကို ချစ်တဲ့

မျှစ်စို့တွေ ချိုးဖဲ့ ခံရသလိုမျိုး

ကျိုးပျက်သွားတဲ့ မိသားစုတွေ ပါတယ်၊


ငွေစက္ကူထဲ

ကိုယ့်ဘ၀ကိုယ်ပြန်ရှာရင်း

အဖျားအနာ ထူပြောနေတဲ့ လူထုတွေ ပါတယ်၊


အဲဒီ

ခင်ဗျားတို့ ပိုရှူလိုက်တဲ့လေထဲမှာ

စစ်အကျဉ်းထောင်တွေထဲက

သေကွဲ ရှင်ကွဲ ရဟန်းရှင်လူ

ကျောင်းသူကျောင်းသားတွေ ပါတယ်၊


နောက်ဆုံး

ခင်ဗျားတို့ ပိုရှူလိုက်တဲ့ လေထဲမှာ

သာသနာ့အလံတော် သွေးစွန်းလို့

စက်တင်ဘာ တလလုံး ပွန်းပဲ့ပေးလိုက်ရတယ်၊


ဟောဒီခေတ်ဟာ

လူထုကို အချစ်နဲ့ တိုင်းတာတဲ့ခေတ်၊


အသွေး အသား အသက် အသိ ရှိတဲ့ လူက

အသိ အသက် အသား အသွေး ရှိတဲ့ လူတွေအပေါ်

အမြော်အမြင်နဲ့ စောင့်ရှောက်တဲ့ခေတ်၊


မျိုးဆက်သစ်နဲ့ မြေကမ္ဘာ ကျန်းမာရေးအတွက်

လူ့အမြင် လူ့အတွေး

လူ့ရပ်တည်ရေးနဲ့ ကြမ္မာဟာ

လွတ်လပ်စွာ ပျံသန်းနိုင်တဲ့ ခေတ်၊


တူညီမျှတတဲ့

ဘ၀ ဘ၀ချင်း အသက်ရှူသံတွေကြား

အမျိုးသား သွေးစည်ညီညွတ်မှုတို့

မြင့်မြင့်မြတ်မြတ် ဖူးပွင့်နိုင်တဲ့ ခေတ်လေ၊


ဟိုး တောင်တန်းမှာ ငြိမ်းချမ်း မွှေးရီ

ချယ်ရီပွင့်တွေကလည်း

ကျနော်တို့ဘ၀ပဲ မဟုတ်လား၊


ဘုရားကျောင်းက ခေါင်းလောင်းသံတွေ

တောင်ဇလပ်မြေမှာ လှုပ်ခတ်

ကျနော်တို့အားလုံး ချစ်မြတ်နေကြတယ်၊


သလိုပဲ

သဇင်ခက်တွေရဲ့ ဓလေ့ရိုးရာ

ကျနော်တို့ အသက်ရှူသံထဲမှာ ပါတယ်၊


မနောမြေက

နိုးထလာတဲ့ ဧရာဝတီဟာ

ဘ၀များစွာရဲ့ ပင်မရေစီး

အပွင့်အသီးတွေ ဖြစ်ထွန်းစေခဲ့တယ်လေ၊


ရာဇ၀င်ရေးရုပ်ပုံ

သုဝဏ္ဏဘူမိ ရင်ခုန်သံ စည်းချက်တို့

ဟောဒီ အသွေးအသားထဲ ခရီးဆက်နေကြ

ဖားစည်သံတွေကလည်း

ဇွဲကပင်မြေမှာ နိုးထ

ဟောဟိုက ကန္နိရီ ကိန္နရာ မောင်နှံဟာ

ကျနော်တို့ကို ရင်ခုန်မြန်စေခဲ့ပေါ့၊


(တိုင်းရင်းသား ညီအကိုတို့)

အချစ်နဲ့ တိုးဝင်တဲ့စိတ်ဟာ

အလှဆုံး အရိပ်တွေ ကြဲဖြန့်ထားတဲ့အတိုင်း

သမိုင်းသစ်ကို ဖြစ်ထွန်းစေခဲ့တာပဲ မဟုတ်လား၊


ကျနော်တို့ အတူ သွားကြမယ်၊

ကျနော်တို့ အတူ စားကြမယ်၊

ကျနော်တို့ အတူနေ

တနိုင်ငံလုံးက လေကို မျှဝေရှူကြမယ်၊


ဟောဒီ

အမျိုးသားရေး နယ်နိမိတ်ပေါ်မှာ

အာဏာရှင် မှန်သမျှ

ဘယ်တော့မှ ခြေချခွင့် မရရေးအတွက်

ကျနော်တို့ လက်တွေ

မြဲမြဲ ချိတ်ထားကြရမယ်၊


ကျနော်တို့ ရင်ခုန်သံတွေ

မှန်မှန်ကန်ကန် ကူးစက်နေရမယ်၊


ကျနော်တို့ အင်အားတွေ

များများစားစား ညီညွတ်ထားရမယ်၊


ကျနော်တို့ စိတ်ဓာတ်တွေ

မြင့်မြင့်မြတ်မြတ် ပျံသန်းနေရမယ်၊


ပြည်တွင်းစစ်

အနှစ် (၅၀) ကြီးထဲက

ကြေကွဲ သွေး အသက် ဘ၀တွေ

ဒီမိုကရေစီ အရေးတော်ပုံကြီးထဲက

သူရဲကောင်းတို့ရဲ့ ၀ိဥာဉ်တွေကို ဦးညွတ်

အမျိုးသားထု လွတ်မြောက်ရေးအတွက်

စစ်အာဏာရှင်တွေ နှိပ်စက်လို့

ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ

တော်လှန်ရေးကို စိုက်ပျိုးခဲ့ကြပြီပဲ။


ဘ၀ ရှိရင်

အသိအမြင် မွေးထုတ်

ကြမ္မာဆိုးကို ပုတ်ချပစ်နိုင်တာ

လူသားပဲ ရှိတယ်။


လူတယောက်ဟာ

ဘ၀နဲ့ အသက် ရှင်သန်ဖို့

လွတ်လပ် မှန်ကန်တဲ့ အသိအမြင် ရှိတယ်။


ကိုယ့် အတွေးအမြင် အတောင်အလက်ဟာ

ကိုယ့် အသက်ရှူသံ

ဘယ်သူ့ထံမှ အစီရင်ခံစရာ မလိုဘူး၊


ဥပဒေရဲ့ အထက်မှာ

ဘယ်သူမှ မရှိစေရသလို

လူ့အတွေးအမြင်ပေါ်မှာ

ဘယ်လို အမိုးအကာမှ မလိုပါဘူး။


လူဟာ

အဲဒီ အတွေးအမြင်နဲ့ပဲ

ကိုယ့် မိသားစု ကိုယ့် နိုင်ငံ

ကိုယ့် ကမ္ဘာမြေ ဒုက္ခ သုက္ခတွေကို

လှလှပပ ခုတ်ထွင် ရှင်းလင်းနိုင်ခွင့် ရှိတယ်။


သစ်စေ့ဟာ

မြေကြီးထဲ ငိုကြွေးနေကြတာ မဟုတ်ဘူး၊


အကိုင်းအခတ်တွေနဲ့ ရွက်လွှင့်ဖို့

ကောင်းကင်ကို ဆွဲဖွင့်နေကြတာ။


သစ်တပင်ရဲ့

အမြစ်နဲ့ အကိုင်းအခတ်တွေဟာ

(အဲဒီသစ်ပင်အတွက်တော့)

သမိုင်းဆိုင်ရာ စွမ်းဆောင်ချက်တွေပဲဖြစ်တယ်၊


အမြစ်တွေက နက်နက်တူး

အကိုင်းအခက်တွေက မြင့်မြင့်ပျံ

ဒါ သူ့ တော်လှန်ရေး မဟုတ်ဘူးလား၊


သမိုင်းတခေတ်ဟာ

အပွင့်အဖူးတွေနဲ့ ဖြစ်ထွန်းလာဖို့

နိုင်ငံတိုင်း

နောက်ခံကားချပ်တွေနဲ့

အနာဂတ်ကို တွန်းဖွင့်ခဲ့ကြရပေါ့၊


ဟေ့

စစ်အာဏာရှင်တွေ အဆက်ဆက်

ညက်ညက်ကြေနေတဲ့ နှလုံးသားပေါ်မှာ

တော်လှန်ရေးကို စိုက်ပျိုးထားကြ၊


ကျနော်တို့ အသိအမြင်တွေကို

အသွေးအသားတွေထဲ နက်နက်တူးဆွ

ယုံကြည်ချက်တွေနဲ့ မြင့်မြင့် ပျံကြ၊


ဘ၀ အမှောင်မှာ

လ ရောင် မသာတာကို မြင်တွေး

တော်လှန်ရေး အသိနဲ့ ပေါင်းစပ်ကြည့်ရမယ်၊


မြေကြီးမှန်ရင်

အသီးအနှံကောင်း ထွက်တာပဲလေ၊


တော်လှန်ရေးဟာ

ကျနော်တို့ မြေကြီး အစစ်

နိုင်ငံတော်သစ်ဆီ အရောက်သွားဖို့

သစ္စာတရားနဲ မြင်းတကောင်ဖြစ်တယ်၊


ဟိုးက ကောင်းကင်ပေါ်မှာ

နွေဦးဟာ ကျနော်တို့ကို စောင့်နေပါ့၊

လာခဲ့ကြတော့

လာခဲ့ကြတော့ ဟေ့ တဲ့


အာရုဏ်ဦးမှာ

နှင်းဆီ တထောင် ခူးဆွတ်

နိုင်ငံတော်သစ်ကို ဦးညွတ်ဖို့အတွက်

နွေဦးခေါ်သံဟာ

ထိုး ထွက် လာခဲ့ပြီ။ ။


နေဇော်နိုင်

ဒီကဗျာနဲ့ကဗျာဆရာရဲ့ထူးခြားတဲ့စကားလုံးဖွဲ့သီမှုအားဂုဏ်ပြုသောအားဖြင့်
ကျွန်ုပ်တို့အနုပညာရင်ပြင်မှစိတ်ကူးတေးသီထံခွင့်ပန်ကူးယူခဲ့ပါသည်။

ရှစ်ဆယ့်ရှစ်

အသံမရှိတဲ့ စကားများ

ဖြစ်သင့်တာထက် ပိုများနေရဲ့။

နုံးတင်မြေနု အနာဂါတ်တစ်ခုအတွက်

ယတိပြတ် ဆုံးဖြတ်လိုက်ရမှာလည်း မလိုချင်ဘူး။

ရိတ်သိမ်းပြီးသမျှကို

လက်လွှတ် စွန့်ပစ်သူအဖြစ်နဲ့။

အမေးမရှိတဲ့ အဖြေများဟာ

ဝဋ်နာ ကံနာစီးလို့ သံသရာဆုံးထိသွားရရင်ဖြင့်။

ဒါဏ်ရာတွေ ကျေစရာကို

ဘယ်ဘူတာမှာ ဆေးကြောကြမလဲ

ရင်ထဲမှာတော့ ထာဝရ ။

ကျော်စွာအောင်

Monday, November 26, 2007

၉၂ နှစ်ပြည့်မွေးနေ့ဆီသို့
အမေ့
အသက်၉၂မှာ
ကျန်းမာစေကြောင်း
ကျနော်တို့
ဆုတောင်းမေတ္တာပို့သ
အဝေးကဘဲ ကန်တော့ပါရစေ …..။
ကျနော်တို့ကို
စာပေအမွေအနှစ်ပေး
တသက်လုံးစာရေးခဲ့တဲ့အမေ
သက်တော်ရာကျော်ရှည်ပါစေ …..။
အမေ့ရဲ့စာပေအလင်းနဲ့
ကျနော်တို့မျက်စိနှစ်ကွင်းကိုဖွင့်
ကျနော်တို့ရဲ့သောတအာရုံ
အမေ့အသံကိုနားစွင့်ရင်ခုန်နေဆဲပါအမေ …..။
ခုနေချိန်ခါ
အမေနဲ့ကျနော်တို့ဟာ
မိုင်ထောင်သောင်းရာချီကွာလည်း
ကျနော်တို့ဟာ
အမေ့ရဲ့စာပေအနုပညာနဲ့မကွာဝေး
အမြဲအားပေးလေးစားလျက်ပါအမေ …..။
အမေ ..
အသက်၉၂မှာ
ကျန်းမာစေကြောင်း
ဆုတောင်းမေတ္တာပို့သ
အဝေးကဘဲကန်တော့ပါရစေ အမေ …..။ ။



ဆောင်းယွန်းလ

နိုဝင်ဘာလ ၂၉ ရက်နေ့တွင်ကျရောက်မည့်လူထုဒေါ်အမာ၏
အသက်၉၂ နှစ်မြောက်မွေးနေ့အားဤကဗျာဖြင့်ကန်တော့လိုက်ပါသည်။
အဝေးတနေရာမှ ……..

.


၉၂ပြည့်မွေးမိခင်သို့ ပေးစာတစောင်

အဲဒီညကလေ၊ အမေ။
မိုးလေးတွေက တဖွဲဖွဲကျလို့
မသဲလှပေမဲ့ အသဲကတော့ ကျင်နေတယ်
မခွဲချင်တာတော့ အမှန်ပါ
အရင်ဆုံးဖြတ်တာက တံခွန်တိုင်
နောက်-အရာတော်
တောင်မြင့်
မှောင်နဲ့မည်းမည်းထဲမှာ
တနေရာပြီးတနေရာကျန်ရစ်ခဲ့တယ်
စားချင်စိတ်လည်းမရှိ
အိပ်ချင်စိတ်လည်းမရှိ
စဉ်းစားချင်တာပဲရှိပေမဲ့
ဘာမှစဉ်းစားလို့လည်းမပေါ်
သြော်၊ မြစ်ငယ်တောင်ကျော်သွားပါပေါ့လား။

အဖေနဲ့အမေကို
ကန်တော့ခဲ့ပါတယ်
ညီနဲ့ အမ နှမ
ငါ့ကိုခွင့်လွှတ်ကြနော်
တကိုယ်ကောင်းဆန်တာမဟုတ်
သူရဲကောင်းဖြစ်ချင်တာလည်းမဟုတ်
အခြေအနေက တွန်းပို့တော့
ဒို့မှာ ရွေးစရာမရှိလို့သာ။
နားလည်ကြပါကွာ
အဖေနဲ့အမေကို
ဂရုစိုက်ကြပါကွာ လို့။

အဲဒီနောက်တော့ အမေရယ်
တောင်တွေ၊ တောတွေ
ချောင်းတွေ၊ အင်းတွေ
လွှားကနဲ လွှားကနဲ၊ တသွားထဲသွား၊
နယ်စွန်နယ်ဖျားထိ
ကဗျာတပုဒ်တောင်ရေးမိသေးတယ်
အမေမှတ်မိမယ်ထင်ပါတယ်-
“အနောက်ကိုတချက်ငဲ့ကြည့်လို့
အရှေ့ကိုတဲ့ ထွက်ခဲ့တယ်”ဆိုတာလေ။

ပြက္ခဒိန်စာမျက်နှာတွေ
သက်ရွက်ခြောက်တွေလို
တဝေေ၀လွင့်ကျ
နီသူတွေဖြူ၊ ဖြူသူတွေနီ
ဘ၀တွေ၊ ချစ်ခင်ရင်းနှီးသူတွေ
သွေကွဲရော၊ ရှင်ကွဲရော
ခွဲခွာကုန်ကြ
အသစ်တွေနဲ့လည်း
တင်းတင်းကြပ်ကြပ်ပဲ
လက်ဆွဲနှုတ်ဆက်ကြ
ဘာသာစကားတောင်
အတော်စုံအောင်တတ်ခဲ့
နှစ်ပေါင်းသုံးဆယ်ဆိုတာ
နည်းသမို့လားးအမေရယ်။

အပါးမှာအဖေလည်းမရှိ
ကျနော်တို့လည်းမရှိ
အမေချည့်တယောက်ထဲ
မဟုတ်ဘူး၊ လှေခွက်ချည်းမဟုတ်ဘူး
ပြည်သူတွေနဲ့လက်တွဲလို့
သားမြေးသစ်တွေနဲ့လက်တွဲလို့
အမယ်အို့ခြေလှမ်းမို့
သူတို့လောက်မသွက်လည်း
၁၉၃၆တုန်းကလိုပဲ
ချီဆဲတက်ဆဲ
အခုလည်းလက်တွန်းလှည်းနဲ့
ရဲရဲကြီးချီတက်နေတဲ့
အမေ့ရဲ့သားမှာ ၁၃၀၀ရတီ*
အမေဆိုတဲ့စိန်နားကပ်ကြောင့်
ပါးအပြောင်ကြီး ပြောင်ခဲ့ရပါတယ်။

အမေလဲလှမ်း
ကျနော်လည်းလှမ်း
ဒီလမ်းကြီးတလျောက်မှာ
မောတယ်တခွန်းမပြောပါဘူး
၉၀ကျော်ကြီးနှုတ်က
တခွန်းပဲထွက်ရှာတယ်
ဘာအဓိပ္ပာယ်လဲ
ကဗျာဖတ်သူတွေးကြည့်ပါ
“ငါ့သားကျန်းမာအောင်နေ
အမေလည်းကျန်းမာအောင်နေတယ်”တဲ့။

*၁၃၀၀ပြည့်မျိုးဆက်ကို ညွှန်းတာပါ။



ဖိုးသံ (လူထု)


*၁၃၀၀ပြည့်မျိုးဆက်ကို ညွှန်းတာပါ။


Thursday, November 22, 2007

ကာတွန်းစောငို

အလွမ်း မန္တလေး

ပထွေးကို အိမ်ခေါ်တင်တဲ့သား

စားရင်ရူး ဆုပ်တော့စူး

ဗိုလ်ချုပ်ရူးကြီးတို့ မိုက်လိုက်ပုံက

ထီးစ နန်းစ ရာဇပလ္လင်

သံဃာစင်ကိုဖျက်

အမျိုးဖျက် သာသနာဖျက်

တရုပ်လက် ၀ကွက်အပ်လိုက်တဲ့

ငါတို့ရဲ့ မ န္တလေး မျှော်လေတိုင်းဝေးခဲ့ပေါ့ ။

တိုးနယားယဉ်ကျေးမှု

ပြုစားခံရတဲ့ မန္တလာမြေသစ်

ဓားလွတ်ကိုင်ခေတ်က မျိုးဆက်ဟောင်း

မြို့စွန်ကို ပြောင်းကြ

အစပထမရဲ့ ထီးနန်း

ကြာလေလေ အလှမ်းဝေးခဲ့ ။

အိမ်တော်ရာနဲ့  မဟာမြတ်မုနိကိုယ်တော်

စာတော်သင်တိုက် မြို့ ထဲတ၀ိုက်မှာ

ကြာတင့်လို့  ရေမမြင့်တဲ့

ဟော်တယ် မော်တယ် အင်းနဲ့ ဘုံကျောင်း

ရုပ်ပြောင်းတည်ဆောက်

ပြောက်ရပြီပေါ့ ၀တ္တကမြေ

ရွှေပြည်တော် မျော်တိုင်းဝေး ခဲ့ ။

ဘုံကျောင်းဝင် မဟုတ်သူ၊ ကြံ့ဖွတ်မှာ မပါသူ

ဆိုင်ကားသမား၊ မြင်းလှည်းသမား

လက်လုပ်လက်စားများ

ကိုယ့်ထမင်းကိုယ်စား

အလကားလုပ်အားပေးကြရ

အတင်းအဓမ္မ ကမ္ဘာကိုလှုည့်စား

(ကြာလာတော့)

စားဝတ်နေရေး တဖြေးဖြေး ဘ၀ပျက်

မြေကွက်ကလေးကစ၊ ပေါင်နှံ ရောင်းချ

(ဒင်းတို့ ထံ) ၀ကွက်အပ်ပြီး

အနီးကရွာလေးတွေဆီ ပြောင်းပြေးကြရ

ဝေးခဲ့ရပေါ့ ရွှေပြည်တော်ရေ ။

ဆေးလိပ်သမ။ အငြိမ့်သမ

ကာရာအိုကေည

စားဝတ်နေရေး ဖြေရှင်းပေးနေတဲ့ည

(ဒင်းတို့ကို) ဖျော်ဖြေရ

တစ တစနဲ့ အသိမ်းခံကြရ

မျိုးဆက်သစ်တွေ ငိုတဲ့ည

လွမ်းတသ မှန်းဆလို့  ရင်လေး ခဲ့ ။

ဘ၀တွေရဲ့  ည …….

စတေးခဲ့ရတဲ့ ည …….

အမျိုးသားရေးရဲ့  ည ……

လွတ်မြောက်ရေးရဲ့  ည ……

ဇာတိမာန်ရဲ့  ည ……

သရပါ တခါးက ထွက်ခဲ့တဲ့ ည ……

ခရီးဆက်တဲ့ ည ……

နေညိုရီ အမှီ

ရွှေပြည်တော်ဆီ မျှော်တိုင်းဝေးခဲ့ ။

ကျော် စွာ အောင် ။နိုဝင်ဘာ ၂၀၀၇ ခုနှစ်

လူထုဒေါ်အမာ(၉၂)နှစ်ပြည့်မွေးနေ့အတွက်ရည်စူးဂုဏ်ပြုစပ်ဆိုပါသည်။

Saturday, November 17, 2007

ကာတွန်းစောငို၏လက်ရာသစ်



မနက်ဖြန်မှ အားပေးပါရစေ
(မြန်မာပြည်တွင်းမှ အဓမ္မစေခိုင်း
ခံနေရသူ ပြည်သူလူထု
တရပ်လုံးအား ရည်ရွယ်လျက်)


• နေရာကောင်းတခုမှာ
အိုးအိမ်အတည်တကျနဲ့
အခြေချဖို့
သူမ အမြဲပြောတတ်တဲ့စကား
ဒီဘ၀ ဒီမျှနဲ့ ရောင့်ရဲလိုက်ပါတော့လို့
ကျနော့်ရဲ့ နှစ်သိမ့်စကား
ကျနော်တို့နှစ်ယောက်ကြားမှာ
ခါးသက်နေကြရိုးအမှန် . . .။

• ဒီနေ့တော့
အလုပ်ကလေး ပြီးအောင်
လုပ်ဖို့အတွေး
အဓမ္မထောက်ခံပွဲကြီးက ၀င်ဖျက်ဆီး
ငွေလေးရအောင် ကြံလိုက်ဦးမယ်ဆိုတဲ့အတွေး
လုပ်အားပေးရမယ်ဆိုတဲ့ သတင်းစကားအရောက်
ကျုပ်တို့နှစ်ယောက်
ရေသောက် ဗိုက်မှောက်ကြရဦးမှာပေါ့
ရှင်မရေ မင်းမျက်နှာ မသာယာလည်း
မနက်ဖြန်မှချော့တော့မယ်. . .။

• ထမင်းဝိုင်းထဲက
ဟင်းခွက်ဗလာ
တယောက်မျက်နှာ တယောက်ကြည့်စရာမလို
အလိုလို သိနေကြပြီးသား
တို့ နေ့စဉ်
နှစ်ပါးသွားနေကြတာပဲလေ . . .။

• ဟိုဒင်းဟိုဟာ ရန်ပုံငွေရှာဖို့တဲ့
သူမပိုင် ဖိုးဖွားအမွေ နားကပ်ကလေး
နားနှစ်ဖက်ပေါ်က
ထွက်ပြေးခဲ့တာလည်း ကြာပြီ. . .။

• သူမ မြင်ချင်လှတဲ့
သားတွေရဲ့ ရှင်ပြုပွဲ
အကို အားခဲပြီးကြိုးစားပါ့မယ်လို့
ကျနော်က အားပေးလိုက်တိုင်း
သူမ မျက်ရည်ဝိုင်းတာမြင်ရ
ကျနော့်ရင်ထဲမှာလည်း မချိလှပါဘူးလေ. . .။

• ဗလာစာအုပ် မ၀ယ်နိုင်လို့
ကျောင်းမတက်ရတဲ့
သားနဲ့သမီးတွေအဖြစ်
ကျနော့်ကို အပြစ်ဖို့နေသယောင်
မှောင်မည်းမည်း တဲငယ်ထဲ
မစွဲတစွဲ ရေနံဆီမီးခွက်အောက်
ဝမ်းလျားမှောက်ရင်း စာကျက်ရတဲ့
သားနဲ့သမီးတွေရဲ့ ဘဝ
အနာဂတ် လှနိုင်ပါ့မလား . . .။

• မရဲတရဲ စဉ်းစားမိ
သူတို့တတွေနဲ့ အကြည့်ချင်းဆုံ
အလိုလိုရင်ခုန်မိသူက ကျနော်
သူမ မျက်နှာပေါ်က ချိနဲ့နဲ့အပြုံး
ကျနော့်နှလုံးသားမှာ ဒဏ်ရာတွေဖြစ်. . .။

• မပူပင် မကြောင့်ကြ
တောင့်တခဲ့တဲ့ ကားတ၀ီဝီ
တီဗွီထိုင်ကြည့်ရမယ့်ဘဝ
အိပ်မက်ထဲကျမှပဲ ပျော်ရအောင်. . .။

• ဘ၀ဆိုတာ တို့အတွက်မဟုတ်
တို့တတွေက ဘ၀ရဲ့ သားကောင်လို့
သတ်မှတ်ပြန်ရင်လည်း
သူမ အားငယ်ရှာပေမပေါ့ . . .။

• ဒီတော့ ကျနော်မညာချင်ဘဲ
ညာခဲ့ရတဲ့ နေ့တွေတိုင်း
သူမ မျက်ရည်ဝိုင်းခဲ့ရပါပကော. . .
ခေတ်ကြီးက ရှေ့ ပြေး
ခပ်နှေးနှေးလိုက်သူက ကျနော်
ကုန်ဈေးနှုန်းတွေနဲ့
စိန်ပြေးတမ်းကစားရင်း
လက်ပမ်းကျခဲ့ရ
ဒီဘ၀ ဒီမျှနဲ့မပြီးခင်. . .
လုပ်အားပေး ပေါ်တာ
အဓမ္မထောက်ခံပွဲတွေနဲ့
လုံးချာလည်းရင်း
အိမ်ပြန်နောက်ကျတတ်တဲ့ ကျနော်
အိမ်ဝက မျှော်နေတတ်သူ
သမီး သားမယားတွေအတွက်
မနက်ဖြန်မှ အားပေးပါရစေ. . .။ ။


ဆောင်းယွန်းလ

Wednesday, November 14, 2007

Dialogue သို့ ရင်ဝှက်စကား

ဒီ အချိန် မှာ . . .

ခပ် ကြောင် ကြောင် အတွေး အခေါ်တွေ

သူ ယူ လာ ခဲ့ ရင်

ချစ် တု န်း မုန်း စကား နဲ့

ပြတ် ပြတ် သား သား ဆန့် ကျ င်ပါ ။

ဒီ အ ချိ န် မှာ . . .

ထွေ ရာ လေး ပါး မင်း အ နား လာ ပြီး

ကြောင့် ကြ မှု့  တွေ ပေး ခဲ့ ရင်

လွတ် မြောက်ရေး တ ခါး ဝ

တို့  သွေး စ တွေ ပြ လိုက် ပါ ။

ဒီ အ ချိ န် မှာ . . .

သူ . . .

ငါ . . .

မင်း . . .

ချစ် ခြင်း ခွဲ သင့် ပြီ ။

ရန် တုန့်ရန် ကြွ င်း

လက် တုန့်နှ င်း ဘို့  . . .

တို့ သွေး အထပ် ထပ် ပေး ဆပ် ခဲ့ တာ

မ မေ့ လိုက်ပါ နဲ့  . . .

မ 'လျှော့ ' လို က်ပါ နဲ့  . . . ။

ကျော် စွာ အောင် ၊

October 2007

.

Monday, November 12, 2007

နောက်ဆုံးပေါ် ရောဂါ


ဒီရောဂါဟာ
ကုရာနတ္ထိ ဆေးမရှိ။

ဒီရောဂါဟာ
မြန်မာပြည်ကလွဲလို့
ကမ္ဘာမှာ မရှိသေးဘူး။

ဒီရောဂါဟာ
လွှတ်ထားရင်
ကမ်းကုန်အောင် ရက်စက်တယ်။

ဒါပေမယ့်
ဒီရောဂါမှာ
လူတွေကို ကြောက်တဲ့ရောဂါ
ဝင်နေတာ ကြာပြီ။

ဒီရောဂါဟာ
ကြောက်ကန်ကန်ပြီး
မြင်မြင်ရာ အကြမ်းဖက်တော့တာပဲ။

ကျနော်တို့
ဒီရောဂါမရဖို့
သေနတ်ပြောင်းတွေကို
ကွန်ဒုံးစွပ်မှ ဖြစ်တော့မယ်။ ။



အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)

Saturday, November 10, 2007

ဘယ်သူ့ ကြောင့်

၁။ တဲ အိမ်အိုထဲက မိုးဦးကျညတွေမှာ
စီးယိုနေတဲ့ မိုးရေစက်တွေကြား
အဖေပြန်လာရင်များ စားစရာတခုခုပါမလား
ညီမလေးနှယောက်ရယ်
ကျနော်ရယ် အမေရယ်
အမေ့ မျက်အိမ်မှာ မျက်ရည်စများ
မနက်ဖန်ခါ နောက်ဆုံးထားပြီး
စာအုပ်ဖိုးတွေပေးဘို့ 
အဖေလာရင် ပြောဖြစ်ပါ့မလား
ကျောင်းနေမဲ့ အစား
မိသားစုဝမ်းရေးကို
ကျနော် ကူညီဖြေရှင်းပေးနိုင်ရင် .......


၂။ မှတ်မှတ်သားသား ကျနော် လေးတန်းကျောင်းသားဘဝ
၁၉၉၆ က ကျောင်းသားတွေဆန္ဒပြတာတဲ့
အဲဒီအနား ဒူးယားရောင်းတဲ့ ကျနော်
ဘာတွေဖြစ်ကုန်ပြီလဲ
စစ်ကားအစိမ်းပေါ် ကျနော့် ကိုခေါ်တင်သွားကြ
မင်းက ဆန္ဒပြကျောင်းသားလား .........

ဝိုးတဝါး မြင်ကွင်းက ဟိုဝေးဝေးမှာကျန်ခဲ့သလို
မင်းမပူနဲ့
မင်းမိသားစု စားဝတ်နေရေး
တွေးမပူနဲ့ ၊ ငါတို့ ကြွေးထားပေးမယ်တဲ့ .....
အဲဒီ စစ်သားကြီးရဲ့စကား
ကျနော်ကြားယောင်မိ
ဒီလိုနဲ့ ကျနော် .........
စစ်တပ်ထဲမှာ ကြီးပြင်းခဲ့
ကျနော့် လစာကို အဖေ့ဆီကို လွှဲစာရေးလို့
သတ်နည်း ပုတ်နည်း
ပစ်နည်း ၊ ခတ်နည်းနဲ့ 
မင်းရဲ့ဘဝဆိုတာ ၊ အမိန့်တဲ့
ငါတို့ ခိုင်းတာ ၊ ဘာမဆို မငြင်းရဘူးတဲ့ ။

မင်းအိမ်နဲ့ အဆက်အသွယ်ရတယ်တဲ့
သူတို့  အားလုံး အဆင်ပြေသွားပြီတဲ့
ကျနော့် ညီမလေးတွေလဲကျောင်းနေကြတယ်တဲ့
ဗိုလ်မှူးရဲ့ကျေးဇူးကို မေ့လို့မဖြစ်ပါဘူး .......

ဒါပေမဲ့ .......
အဖေ့ရဲ့စာက ၊ လက်ရေးလှလာသလို .. လို
ဒါတော့ ကျနော်အသေအချာမှတ်မိတယ်
အဖေ့လက်ရေးက တုံးတိတိ ပြတ်ပြတ်သားသား
ဒါဟာ ......
တကယ့် အဖေ့စာလား ။


၃ ။ ဒီနောက် ........
ကျနော်ဟာ
တိုင်းပြည့်အားထား။ ဇာနည်ဘွား
“ရဲညွန့်သားတဲ့လေ”
ကျနော့်ရဲ့ဗိုလ်မှူးလဲ
ရာထူးတက်ခဲ့တယ်တဲ့ ။

အမိန့် .......
ကျနော့်ရဲ့ဘဝဟာ စစ်မိန့်တဲ့
ဟုတ်ကဲ့ ကျနော်အမိန့်ရဲ့သား
သွားဆိုသွား ၊ ပစ်ဆိုပစ်ပဲ
နှစ်ထောင့်ခွန်နှစ် ခုနှစ်
အမိန့်သစ် .......
ရန်သူတွေက မြို့ထဲမှာတဲ့
ကျနော်ရဲ့ဝိဥာဉ် လွင့်စဉ်နေသလို
တခုခုကို ကျနော် သတိတရရှိနေသလိုလို
စိတ်ကူးစရာ အတွေးမရောက်ခဲ့
အဲ ကားပေါ်တက် စစ်ထွက်မယ်တဲ့
အမိန့်  ဒီအမိန့် 
ဖိန့်ဖိန့်တုန်တဲ့ ဒီအသံ။


၎၊ အားပါး ........
သင်္ဃန်းဝါဝါနဲ့ သံဃာတော်တွေ
ကြည်ညိုသူတွေဝန်းကာရံလို့
မြို့ လမ်းမတွေပေါ်မှာ

ဟင် .......
ဒီသံဃာတွေက ၊ ရန်သူဆိုပါ လား
ဝိုးတိုးဝါးတား အာရုံတွေပြားလာခဲ့ပေါ့
ကြားရတဲ့အသံက ဆန့်ကျင်ဘတ်
မေတ္တာတရားနဲ့  အမိန့်  ......
အမိန့် ဟာ အမိန့် စိတ်အဟုန်လွင့်ပြယ်
စိတ်ရဲ့ စွမ်းပကား ပါးလျှချိနဲ့ 
ပစ်ဆိုတဲ့ အမိန့် 
တလှိမ့်လှိမ့် လူလိုင်းတွေကြား
တလှမ်းခြင်းတက် ဆက်တိုးဝင်ခဲ့
ခေါင်းတချက်လှည့် အကြည့်မှာ
ဆုံမိတဲ့ မျက်ဝန်းတစုံကို
မှတ်မိသလိုလို ရင်းနှီးသလိုလိုပါဘဲ
တစိမ့်စိမ့်တွေး ၊ ရေးရေးပေါ်သလားမသိ
သွေးပွက်အိုင်ထဲ လဲနေသူဟာ
ကျနော့် အဖေနဲ့ တူနေ ၊ သလိုလိုပါ


၅၊မှတ်မိပြီ
ကျနော်မှတ်မိပြီ
ဟုတ်တယ် ........
ညညဆို အဖေအိမ်အပြန် နောက်ကျနေကြ
တခါတလေဆို သူ့ မိတ်ဆွေတွေကို အိမ်ခေါ်လာရဲ့
တောက် ခေါက်သံနဲ့အတူ
သူတို့ရှစ်ဆယ်ရှစ်မျိုးဆက်ဆိုလား
တိုးတိုးတိုင်ပင် ရာဇဝင်တွေ ခင်း
ဒင်းတို့ ကို ကမ္ဘာမကျေဘူးဆိုလား၊

ခလုတ်ထိမှ အမိတ သလို
ကျနော့်တို အိမ်ပြန်လည်ခွင့်ပြုပါ ဆရာ .......
ကျနော် အိမ်မပြန်ရတာ ဆယ့်တနှစ်ကြာပြီ ဆရာ ......
ကျနော့် အဖေရဲ့ အိမ်မက်ဆိုးတွေ ခဏခဏမက်တယ် ဆရာ .......
ကျနော့်ကို အိမ်ပြန်ခွင့်ပြုပါ ဆရာ

ကဲ ကဲ ဒီကောင့်ကို ........
ကျနော်.........
ကျနော် နေကောင်းပါတယ် ဗိုလ်မှူး ........
မရတော့ဘူး ဒီကောင်ရူးနေပြီတဲ့

ရှုပ်ပါတယ်ကွာ
ဒီကောင့်ကိုရှင်းပစ်လိုက်တော့
ဒါ .....အမိန့်  ....... ။ ။




ကျော် စွာ အောင်
အောက်တိုဘာ၊၂ဝဝ၇

Friday, November 9, 2007

ကာတွန်းစောငို၏လက်ရာသစ်..

နယ်စပ်မြို့
မွန်ဒရာ


ဒီမြို့ကလေးမှာ
ဒီကနေ့
ငါနေထိုင်ပါတယ်။


ဒီမြို့မှာ...
အသစ်စက်စက်အဟောင်းထည်ကို
ထည်လဲဝတ်ရင်း
နောက်ရာစုနှစ်တခုစာ
အရောင်းအဝယ်ဖြစ်နေကြတုန်း
လက်ပြနေသယောင်ယောင်နဲ့
ခေါင်းခါပြသူလဲရှိတယ်
ပုတ်သင်ညိုမှန်သမျှက
ခေါင်းထိုးခံကြတယ်
အဝေးပြေးလမ်းတွေဘယ်လောက်ချဲ့ချဲ့
ကားစီးကြောင်းကစေးပျစ်နေတုန်း
ဒီမြို့ရဲ့နယ်ခြားမျဉ်းနဲ့
တရားဥပဒေဆိုတာ
ရာသီဥတုကိုလိုက်ပြီး
ကျုံ့လို့ရတယ်ကျယ်လို့ရတယ်
ပြီးတော့
ဘာသာစကားမျိုးစုံ
လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဆိုလား...
ငါနားစွန်နားဖျားကြားမိတာပါ။


ဒီမြို့မှာ...
မုတ်သုန်မလာမီ
ငါ့အသိုက်အမြုံအတွက်
ငါ့ပစ္စုပ္ပန်ကိုငါ
အခါခါအန်အန်ထုတ်နေရတာ
ဇီဝဇိုးငှက်ကလေးကတောင်
ငါ့ကိုငေးကြည့်...
ကံကြမ္မာကိုငါမပိုင်သလို
ငါ့ဦးနှောက်နဲ့နှလုံးသားကိုလည်း
ကံကြမ္မာကမပိုင်ပါဘူး
သုညမတိုင်ခင်အနှုတ်တစ်
သုညပြီးတော့အပေါင်းတစ်
အဲဒီလောက်သိရင်တော်ပြီပေါ့
ဒါပေမယ့်
သူတို့က
ပရမတ္တကိုမချစ်တတ်ဘူး။


ဒီမြို့မှာ...
လွမ်းဆွတ်မိပါတယ်
ပေလွယ်စွန်းလွယ်ဆိုပေမယ့်
ဆွတ်ဆွတ်ဖြူပိတ်ကားတစ
ငါဘယ်တော့မှပြန်မရတော့ပါ
ငါ့မြို့ဟောင်းကလေးက
ငါ့ဝိဥာဉ်ကိုအခါခါပူးဝင်လာတဲ့အခါ။

ဒီမြို့မှာမှ
ငါ့နက္ခတ်ကညံ့ခဲ့
ငါ့ရဲ့ကိုယ်ခံအားကညံ့ခဲ့သလို
ငါကိုယ်တိုင်ကလဲညံ့ခဲ့
မုန်းတီးတတ်သူအားလုံးအတွက်
ရင်ကော့ပေးနေလျက်နဲ့
ချစ်ခြင်းဆိုတဲ့ဓားသွားက
ငါ့နောက်ကျောမှာရပ်စောင့်ခဲ့ရက်တယ်
ခေါင်းလားပန်းလားအမေးမှာ
ဒင်္ဂါးပြားက...
ခုထိချာချာလည်နေဆဲ။

ဒီမြို့မှာ...
ပန်းနုရောင်ဖဲကြိုးတွေကို
ငါမချည်နှောင်တတ်တော့ပါ။
မြို့ဝင်မှတ်တမ်းရေးခဲ့ဖို့လိုတယ်တဲ့
ဟုတ်ကဲ့
'အရိပ်စစ်စစ်ကိုပုံဖော်ကြည့်ဖို့
အနည်းဆုံး၂နှစ်ကျင်းစိမ်ပါ ......

Thursday, November 8, 2007

အမှောင်လွှမ်းသွားတဲ့ဆန္ဒ

တွန့်ခနဲ ထိတ်သွားတဲ့

ငါ့ရဲ့ ……ယိုင်နဲ့ …….နေမဲ့စိတ်တစုံ

အိမ်ပြန်ဖို့်ကျင့်သားမကျသေးတဲ့

လိပ်ပြာလေးတို့ရေ

ငါတို့ရဲ့

ပြဌာန်းချက်သင်ရိုးမကုန်ဆုံးခင်ထိ

လမ်းမဆုံးသေးတဲ့…….. ခရီးတခုထဲမှာ

သင်တို့နဲ့ငါဟာ

မိတ်ဆွေတဖြစ်လည်းပေါ့ ။

လက်ကနဲ လင်းနေတဲ့

အလင်းနဲ့ …….မလင်းမဲ့ …….ရောင်စဉ်တတန်း

ပြန်သာဖို့ အခွင့်အရေးမရသေးတဲ့

လမင်းကလေးရေ

မင်းရဲ့

အလင်းသက် သက်တမ်းမကုန်ဆုံးခင်ထိ

ရင်ခုန်တတ်သေးတဲ့ ………အသက်မဲ့နေသူများဟာ

မင်းရဲ့အလင်းမှာ

အိပ်မောကျ ခံစားလိုကြပေါ့ ။

မျက်လုံးတချက်အမှိတ်

ဆုတောင်းပေးချိန်မရဘဲ

ကြွေကြွေကျရတဲ့

ကြယ်လေးတွေ

စင်္ကြာဝဋ္ဌာကြီးကို

လွန်ဆန်ရခက်နေကြေးဆို

မလန့်နိုးဖို့ဆုတောင်းထားတဲ့

အိမ်မက်ထဲမှာ

ငါ …….

အဲဒီစင်္ကြာဝဋ္ဌာကြီးရဲ့မျက်နှာစာကို

မီးတင်ရှို့  ……..

ငိုနေတဲ့ကြယ်ကလေးတွေကို

တို့ ဥပေက္ခာ မပြုကြ သေးခင်ထိပေါ့ ။

တခါတလေ

ငါ့အတွေးအခေါ်တွေက

ချောက်ကမ်းပါးထဲပြုတ်ပြုတ်ကျ

ဥပေက္ခာကိုစွဲကိုင်မရတဲ့အခါတိုင်းမှာ

အလင်းရောင်မလာခင်

အမှောင်ဘ၀ခဏထဲက

လမင်းကို

မလင်းစေလို

မသာစေလိုတော့ ။

အဂ္ဂ

နိုဝင်ဘာ ၈ ၊၂၀၀၇

Tuesday, November 6, 2007

လူမိုက်တို့ ရဲ့ သွားရာလမ်း

သာသနာကိုဖျက်
သံဃာ နဲ့ပြည်သူကို ရက်ရက် စက်စက် သတ်နေတဲ့ ၊
ဗိုလ်သန်းရွှေ နဲ့  မိ စ္ဆာ တစုရဲ့ 
အကုသိုလ် ဒုစရိုက် ၊
မင်းတို့ ထိုက်နဲ့  မင်းတို့ ကံ
ခံဘို့ သာပြင်ထား ။

ကာယကံမြောက်အပြစ်လွန်ကျူး
ယစ်မူးတဲ့စည်းစိမ် ၊
ဇီဝိန်ချုပ်ချိန်နီးနေတာ မင်းသတိမရ
အသိတရားမရှိ - မင်းပြစ်မှားမိတာ
ဘုရားသားတော်တွေ ၊
သွေးမြေကျ ။ အသက်ပေးခဲ့ရ ။

မင်းတို့ ပြုသမျှ အကုသိုလ် ၊
ဝံပလွေလိုလို မြေခွေးလိုလို စစ်ဗိုလ်တစု
ခုမြေ မြို ချင်မြို မှာ တကယ်မလွဲ
သေချာတာကတော့ အပါယ်ငရဲ ။

မျိုးချစ် ဘတူ

Thursday, November 1, 2007

ရွှေကျင်သမား

နေထွက်ချိန်ဆို
တလှမ်းချင်းလှမ်းလျှောက်လာ
ငါတို့ရှိရာ
ငါတို့ကမ္ဘာသို့
ငါတို့အားလုံးရဲ့အိပ်မက်
ငါတို့ကပိုင်တယ်
ငါတို့ကိုပိုင်တယ်။

ငါတို့ကိုအကောင်းဆုံးမောင်းနှင်အား
ငါတို့ကအကောင်းဆုံးမောင်းနှင်ပြီး
ငါတို့ရဲ့လောင်စာ
မျှော်လင့်ခြင်းဆိုတာ
ဟိုးဝေးဝေးက
သက်တန့်ကြီးကိုလည်း
လေဆန်မှာခွင်းပစ်နိုင်တယ်
ဒါပေမယ့်
လေစုန်ကိုစီးဆင်းသူ
ငါတို့မဟုတ်။

ချစ်ခြင်းမေတ္တာဆိုတာလား
အမုန်းတရားသက်သက်လား
အဖြူထည်စစ်စစ်
ဒါမှမဟုတ်လဲ
ညစ်...ထေး...မဲ...မှောင်
ဥပေက္ခာထက်ထက်သော
ဓားသွားတလက်ပေါ်သို့
ငါတို့ရဲ့မျက်လုံးများ
ငါတို့ရဲ့အသည်းနှလုံးများ
ပစ်တင်ပြီးစတေး
အဲဒီလိုမျိုး
ငါတို့လောင်းကြေးမထပ်လိုပြီ။

တနေဝင်ချိန်
တိမ်ရောင်စုံတွေအိမ်မပြန်ကြဘူး
ပန်းပွင့်အားလုံးကလမ်းပြကြယ်ဖြစ်နေလျက်နဲ့...
သမုဒ္ဒရာတွေခြားတယ်
ငါတို့စစ်ချတယ်...
တောင်တန်းကြီးတွေမကခြားတယ်
ငါတို့စစ်ချတယ်...
အမေ့အိမ်နဲ့အရိပ်စစ်စစ်သီချင်းနှစ်ပုဒ်ခြားတယ်
ငါတို့စစ်ချတယ်...
ရွှေမှုန်ရောင်တဖိတ်ဖိတ်တောက်ပြီဆို
ခေါ်သံတွေပဲ့တင်
ငါတို့ရဲ့ဝိဥာဉ်
ငါတို့ပြန်သိမ်းတယ်
ငါတို့ကိုပြန်သိမ်းတယ်...
နောက်ထပ်
ကောင်းကင်ကြီးကိုမော့ကြည့်တယ်။

မနက်ဖြန်အတွက်က
ငါတို့အားလုံးမော့သောက်နေကျ
မသိသလိုလိုသိနေပြီး
သိသလိုလိုမသိခြင်းမျိုး...
ကျန်ရစ်ခဲ့တာလား
ချန်ရစ်ခဲ့တာလား
အမှတ်တမဲ့
ငုံ့ကြည့်ဖြစ်မယ်ဆို
ဟောဟို
ဇကာပေါက်တွေအောက်မှာက
ငါတို့ဘဝရဲ့မိုင်တိုင်စတွေ...။
မွန်ဒရာ
(မန္တလေးဂေဇက်သတင်းစာ ဧပြီလ ၂ဝဝ၇ အတွဲ၁အမှတ်၉)
အကြောင်းအမျိုးမျိုးကြောင့်ရေခြားမြေခြားမှာပညာရေး၊စီးပွားရေးအတွက်

ရုန်းကန်နေရသောပြည်ပရောက်မြန်မာများအတွက်ရည်ရွယ်ပါတယ်။

Wednesday, October 31, 2007

လိုတာ .......ဘာလဲ

နေ့သစ်တွေကိုဖွင့်လှစ်ဖို့တွက်

ကပ်ကြေးတလက်နဲ့

ဖဲကြိုးတစလိုနေကြတယ် .......။

နေ့ဟောင်းတွေကိုချန်ရစ်ဖို့ တွက်

မြင်တတ်တဲ့မျက်စေ့တစုံနဲ့

ကြားတတ်တဲ့နားတွေလိုနေကြတယ် .......။

နေ့ဟောင်းနဲ့နေ့သစ်တွေကြားက

ဝိ၀ါဒကွဲပြားမှုတွေကိုကြံ့ကြံ့ခံနိုင်ဖို့တွက်

စိတ်ဓါတ်တွေလိုနေကြတယ် ........။

ဆောင်းယွန်းလ

ကပ်ကြေးတလက်=A . MASTER BRAIN

ဖဲကြိုးတစ=A PERSON . WHO DARE TO FIGHT