Wednesday, February 20, 2008


အာဇာနည်ဆိုတာ.....


မိစ္ဆာကိုကိုင်လှုပ်တဲ့လက်
အဲဒီအကိုင်းအခက်မှာရှိတယ်
အကိုင်းအခက်ပေါ်မှာ လန်းတဲ့ပန်း
ကြွေကျ မြေခသွားတဲ့တိုင်လန်းတယ်….


တပွင့်ကြွေရင် တပွင့်သစ်ပေမယ့်
ကြွေတဲ့တစ်ပွင့်မှာ
တစ်ပင်လုံးစာပါတယ်
ကြွေတဲ့တစ်ပွင့်ဟာအသည်းမာတယ်
ကြွေပင်ကြွေငြား
ကျန်သူရဲ့နှလုံးသားမှာ ကဗ္မည်းတင်သွားစေခဲ့တယ်.....


ဆောင်းယွန်းလ